Huawei ရဲ့ 5G အင်တာနက်ကွန်ယက်လုပ်ပိုင်ခွင့် ဗြိတိန်ပိတ်မည်

(Zawgyi/Unicode)

ဗြိတိန်နိုင်ငံရဲ့ မြန်နှုန်းမြင့် မိုဘိုင်းဖုန်းကွန်ယက် အသစ်အတွက် တရုတ်ရဲ့ Huawei ဆက်သွယ်ရေး စက်ပစ္စည်း ကုမ္ပဏီရဲ့ အခန်းကဏ္ဍကို ဗြိတိသ ျှ အစိုးရက ကန့်သတ် ပိတ်ပင်လိုက်ပါတယ်။

ခုလို ကန့်သတ်ပိတ်ပင်ကြောင်း ဗြိတိန် ယဉ်ကျေးမှုဝန်ကြီး Oliver Dowden က အင်္ဂါနေ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

“ဗြိတိန်ရဲ့ 5G ကွန်ယက် ကိုထူထောင်ရာမှာ Huawei စက်ကရိယာတွေ ကို မသုံးတော့တာဟာ ကွန်ယက်လုံခြုံရေးအတွက် အကောင်းဆုံး ဖြစ်မယ်ဆိုတဲ့ နိုင်ငံတော် ဆိုင်ဘာလုံခြုံရေးဗဟိုဌာနရဲ့ အကြံပေးချက်ကို ဗြိတိန်အစိုးရအနေနဲ့ သဘောတူပါတယ်။” လို့ ပြောသွားတာပါ။

ဒါ့အပြင် ဗြိတိန် ဆက်သွယ်ရေး အော်ပရေတာတွေ အနေနဲ့ ဗြိတိန်နိုင်ငံရဲ့ 5 G ကွန်ယက်အတွက် လက်ရှိသုံးနေတဲ့ Huawei ရဲ့ စက်ပစ္စည်းတွေကို ၂၀၂၇ ခုနှစ် မှာ အပြီးဖယ်ရှားပစ်ရမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Dowden ကပြောပါတယ်။

အခုလို ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ ဗြိတိန်- တရုတ် ၂ နိုင်ငံ ဆက်ဆံရေးအတွက် ကျယ်ပြန့်တဲ့ ရှုပ်ထွေးမှုတွေဖြစ်လာနိုင်သလို Huawei အနေနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှု ဆုံးရှုးံ သွားနိုင်တယ် ဆိုတာလည်း ပြနေတာပါ။

Huawei ရဲ့ စက်ကရိယာတွေကနေ ဗြိတိသ ျှ အစိုးရရဲ့ ကွန်ယက်တွေကို တရုတ်အစိုးရက ဖောက်ထွင်းလာမှာကို စိုးရိမ်တဲ့ အတွက် ဗြိတိန်နဲ့ သဘောတူထားတဲ့ အချက်အလက် မ ျှဝေမှုတွေကို ပယ်ဖျက်တော့မယ်လို့ အမေရိကန်ဘက်က ခြိမ်းခြောက်ခဲ့တဲ့ နောက် အခုလို ပိတ်ပင်လိုက်တာ ဖြစ်ကြောင်း လည်း ဝန်ကြီး Dowden ကပြောပါတယ်။

ဗြိတိန်နိုင်ငံရဲ့ မြန်နှုန်းမြင့်ကွန်ယက်မှာ ဟွာဝေရဲ့ အခန်းကဏ္ဍကို ကန့်သတ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း ဇန်နဝါရီလထဲမှာ သဘောတူခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

Huawei ရဲ့ 5G အင်တာနက်ကွန်ယက်လုပ်ပိုင်ခွင့် ဗြိတိန်ပိတ်မည်


.................


(Unicode)






