၀န်ကြီး Boris Johnson ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်

၀န်ကြီး Boris Johnson ၂၀၁၇ ဇန်နဝါရီတုန်းက မြန်မာနိုင်ငံကို လည်ပတ်စဉ်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson အနေနဲ့မြန်မာပြည်ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအရေး အလေးပေးပြောသွားဖို့ ရှိနေပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Johnson အနေနဲ့ အခု မြန်မာပြည်ဆိုင်ရာခရီးစဉ် မထွက်ခင်လေးမှာပဲဒီလူသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတာက ကျွန်တော်တို့ ဒီခေတ်ကြီးထဲမှာ အဆိုးဝါးဆုံး လူသားဆိုင်ရာ ဘေးဥပါဒ်အန္တရာယ်ကြီးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီခရီးစဉ်ထဲမှာ ဝန်ကြီး Johnson အနေနဲ့ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ရှိ Cox’s Bazar နားကဒုက္ခသည်စခန်းတွေ နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ကို သွားကြည့်မှာပါ။

ဝန်ကြီး Johnson က လူတွေကြောင့်ဖြစ်ရတဲ့ ဒီ ဒုက္ခအကြီးအကျယ်ရောက်ကြရမှုအတွက် နိုင်ငံရေးအရ အဖြေရှာလိုတဲ့စိတ်နဲ့ပဲ ဖြေရှင်းမှရမယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ဒီရခိုင်ပြည်မြောက်ပိုင်းက ဒုက္ခသည် ၆ သိန်းကျော်ဟာ မြန်မာအစိုးရတပ်တွေရဲ့ မတရား ရက်စက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနိုင်ငံဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကမ္ဘာ.ကုလသမဂ္ဂဖက်က ပြောထားပါတယ်။

Your browser doesn’t support HTML5

ဝန်ကြီး Boris Johnson ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမည်