တရုတ်နိုင်ငံက မျက်မမြင် လူ့ခွင့်အရေးလှုပ်ရှားသူ Chen Guangcheng ကို အမေရိကန် လူ့အခွင့်အရေးဆု မနေ့က ချီးမြှင့်လိုက်ပါတယ်။
မျက်မမြင် လူ့အခွင့်ရေးလှုပ်ရှားသူ Chen Guangchaneg ဟာ ဘေကျင်းမှာရှိတဲ့ အမေရိကန်သံရုံးမှာ အကျယ်ချုပ်သဘောကနေ လွတ်လာပြီးနောက် အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတာဖြစ်ပါတယ်။
လူ့အခွင့်အရေးနဲ့ တိုးတက်မှုတွေဟာ အာဏာရှိတဲ့သူတွေထံက ရမလာနိုင်ဘူးလို့ Chenu မနေ့က ဆုပေးပွဲအခမ်းအနားမှာ ပြောပါတယ်။ အသက် ၄၁ နှစ်အရွယ် တက်ကြွ လှုပ်ရှား သူဟာ ထောင်ထဲ လေးနှစ်နေခဲ့ရပါတယ်။ တရုတ်နိုင်ငံတွင်း အတင်းအကြပ် ကိုယ်ဝန်ဖျက် ချခိုင်းမှုတွေနဲ့ မျက်မမြင် လူ့အခွင့်အရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။
Chenဟာ အမေရိကန်လွတ်တော်က ကွယ်လွန်သွားပြီဖြစ်တဲ့ အောက်လွှတ်တော် အမတ်ဟောင်း တွန်လန်းတို့စ်ကို ဂုဏ်ပြုပြီးပေးတဲ့ တွန်လန်တို့စ် လူ့အခွင့်အရေးနဲ့ တရားမျှတမှုဆုရခဲ့တာဖြစ်ပါတယ်။
အောက်လွှတ်တော်အမတ် တွန်လန်းတို့စ်ဟာ ဂျာမဏီတွေရဲ့ ဂျူးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကနေ အသက်ရှင်ကျန်ရစ်ခဲ့သူဖြစ်ပြီး ထင်ရှားတဲ့ လူ့အခွင့်အရေး အကျိုးဆောင်တဦးလည်း ဖြစ်ပါတယ်။