ဗာတီကန်နန်းတော် Sistine ဘုရားကျောင်း မီးခိုးခေါင်းတိုင်ကနေ အမည်းရောင် မီးခိုးတွေ ထွက်လာခဲ့တာကြောင့် ရိုမန် ကက်သလစ်ဘုန်းတော်ကြီးတွေအနေနဲ့ ပုပ်ရဟန်းမင်းအသစ်ကို တညီတညွတ်ထဲ မဲပေး ရွေးကောက်ပြီး မတင်မြှောက် နိုင်ကြသေးဘူးဆိုတာ ပြနေပါတယ်။
ပြီးခဲ့တဲ့လက အနားယူသွားတဲ့ အသက် ၈၅ နှစ်အရွယ် ပုပ်ရဟန်း မင်းကြီး Benedict နေရာမှာ ဆက်ခံမယ့် ပုပ်ရဟန်းမင်းအသစ် ကို ရိုမန်ကက်သလစ်ဘုန်းတော်ကြီး ၁၁၅ ပါးက မဲပေးရွေးချယ်နေကြတာပါ။ အင်္ဂါနေ့က ပထမရက် မဲပေးခဲ့ကြပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာ ဒုတိယမြောက်ရက် ဆက်ပြီး မဲပေးကြတာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းအသစ် ရွေးပြီး မပြီးဆိုတာကို ညွှန်ပြမယ့် မီးခိုး အမည်းရောင် ဒါမှမဟုတ် အဖြူရောင် ထွက်လာတာကို စောင့်ကြည့်ဖို့ ဗာတီကန်နန်းတော်၊ စိန့်ပီတာရင်ပြင်မှာ လူထောင်ပေါင်းများစွာ စုဝေးနေကြပါတယ်။
ပုပ်ရဟန်းမင်းအသစ်ကို ဘုန်းတော်ကြီးတွေ ရွေးချယ်နိုင်လိုက်ပြီဆိုရင် ခေါင်းတိုင်ကနေ အဖြူရောင် မီးခိုးတွေ ထွက်ပေါ်လာပြီး စိန့်ပီတာကျောင်းတော်က ခေါင်းလောင်းတွေကို တီးခတ်ကြမှာဖြစ်ပါတယ်။