အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံ သဘောတူညီချက် တစ်ရပ်ကို မနေ့က ဝါရှင်တန်ဒီစီမှာ နှစ်ဘက် တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု တရားဝင် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။
Trade and Investment Framework Agreement (TIFA) ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံမူဘောင် သဘောတူညီချက်တစ်ရပ်ကို အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ် ဒမီထရတ်စ် မရန်းတတ်စ် (Demetrios Marantis) နဲ့ မြန်မာဘက်က ကုန်သွယ်ရေး ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်စန်းတို့ နှစ်ဦး မနေ့တုန်းက လက်မှတ် ထိုးခဲ့ကြတာပါ။
ဒါဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေအတွက် ရှေ့ဆက် ဆွေးနွေး ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အခင်းအကျင်းတစ်ခု ဖန်တီးတာ ဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ထောက်ခံ ကူညီ အားပေးဖို့ ဖြစ်တယ်လို့ သံအမတ်ကြီး မရန်းတတ်စ် (Marantis) က ပြောခဲ့ပါတယ်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကုန်သွယ်ရေး ကိစ္စတွေဟာ အပြန်အလှန် ဆက်စပ် အားဖြစ်စေသလိုပဲ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အခြေ ခိုင်မာစေဖို့ဆိုရင် နိုင်ငံတော်နဲ့ ပုဂ္ဂလိကလုပ်ငန်း အဖွဲ့အစည်းတွေ အားကောင်း ခိုင်ခံ့ဖို့ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တရားဥပဒေ စိုးမိုးမှုတွေ အားကောင်းဖို့ လိုတယ်လို့လည်း သံအမတ်ကြီး မရန်းတတ်စ် (Marantis) က ပြောပါတယ်။
အခု သဘောတူညီချက်ဟာဆိုရင် မြန်မာလူထုကို အကျိုးဖြစ်ထွန်းစေမယ့် ဖံ့ွဖြိုးရေး လုပ်ငန်းတွေအပါအဝင် ပြုပြင်ပြောင်းလဲရေးတွေကို အထောက်အပံ့ ဖြစ်စေမယ့် လုပ်ငန်း အစီအမံတွေ နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အခင်းအကျင်း ဖြစ်တယ်လို့ သိရပါတယ်။
ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း ကတော့ ဒီသဘောတူညီချက်ဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ ဝန်းကျင်တစ်ခု ပြင်ဆင် ဖန်တီးဖို့ ရှေ့ပြေး ဆောင်ရွက်ချက် ဖြစ်တယ်လို့ ပြောပါတယ်။
“အခု ထိုးလိုက်တဲ့စာချုပ်က ကျနော်သိရသလောက်ပေါ့နော် ဒီ Trade and Investment Framework Agreement (TIFA) ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေခံ မူဘောင် သဘောတူညီချက်ပေါ့။ သိရသလောက်ကတော့ ဒီသဘောတူညီချက်က ယေဘုယျသဘောမျိုးတော့ ဆန်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုတွေ တိုးလုပ်သွားမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်သွားမယ် ဆိုတဲ့ အနေအထားပါ။ အဲ့ဒီတော့ တစ်ခုကောင်းတာကတော့ ကျနော်တို့ တခြားနေရာတွေကလည်း လေ့လာရသလောက်ပေ့ါနော် သူတို့ အမေရိကန်က လုပ်ချင်တာက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အခုအချိန်မှာ ပြုံအောဝင်လာတာထက်စာရင် ကျနော်တို့ထက် အခုလက်ရှိ စီးပွားရေးဝန်းကျင် တစ်ခုလုံးပေါ့ဗျာ အဲ့ဒါကို လုပ်လို့ ကိုင်လို့ ရလာအောင် ကူညီမယ့် သဘောမျိုးတွေ ရှိပါတယ်။ အဲ့ဒါကတော့ ကျနော်ထင်တယ် အခြေအနေအတွေ ကောင်းလာလိမ့်မယ် ထင်ပါတယ်။ အထူးသဖြင့် ပြောမယ်ဆိုရင် ဘဏ်လုပ်ငန်းကိစ္စတွေ ပါတယ်။ နောက်တခါ ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အခြေခံ အဆောက်အဦး ဘာညာက စလို့ပေါ့။ ဆိုတော့ ဒါတွေအတွက်တော့ ကောင်းတယ်ထင်ပါတယ်။”
မေး။ ။ ဆိုတော့ ပြင်ဆင်မှုလုပ်ငန်း သဘောဆိုတော့ အချိန်ကာလ ဘယ်လောက် ယူရနိုင်သလဲ၊ ဆိုလိုတာက အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဝင်ဖို့အတွက် တာစူနေကြတာဆိုတော့။
ဖြေ။ ။ “ယေဘုယျတော့ ကျနော်ထင်တယ်။ အချိန်ယူရလိမ့်ဦးမယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ဒီတချို့ အဟန့်အတားတွေလည်း ရှိသေးတယ်ပေါ့နော်။ အထူးသဖြင့် မြန်မာပြည်မှာ တချို့ အရင်က စီးပွားရေးလုပ်ဖို့ ကန့်သတ်ထားတဲ့ ခရိုနီလို့ခေါ်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒါတွေကိုတော့ ဖြုတ်တယ်လို့တော့ မကြားသေးပါဘူး။ နောက်တခုကကျတော့ ကျန်တဲ့ Sanction ဆိုတဲ့ ကန့်သတ်မှုတွေလည်း တချို့ ရှိပါသေးတယ်။ ဆိုတော့ အဲ့ဒီအနေအထားမှာကျတော့ ကျနော်ထင်တယ်။ အချိန်တော့ ယူရဦးမယ်။ ဒါတွေလည်း ဆက်ဆွေးနွေးပြီးတော့ တဖြေးဖြေး သွားရမယ့် သဘောမျိုးရှိပါတယ်။”
မေး။ ။ ကိုအောင်သူငြိမ်း အဲ့ဒီတော့ ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက်ရော ဘယ်လို အကျိုးဖြစ်နိုင်မယ်လို့ ယူဆလဲ။
ဖြေ။ ။ “ကျနော် ထင်တယ်ပေါ့လေ အမေရိကန်ကနေပြီးတော့ တချို့ အခုလက်ရှိ မြန်မာပြည်မှာ လုပ်နေတာက ဒီ Oil and Gas Center မှာတော့ တချို့ ကုမ္ပဏီတွေ ရှိပါတယ်။ နောက်ထပ် တချို့ ကုမ္ပဏီတွေ သွားဖို့ ပြင်ဆင်နေတာလည်း ရှိပါတယ်။ အထူးသဖြင့်တော့ GE တို့ ဘာတို့ဆိုရင် တချို့ကိစ္စတွေမှာ လုပ်နေတာတွေ ကြားပါတယ်။ ဒါပေမဲ့ တချို့ ကျနော်တို့ စီးပွားရေးဝန်းကျင်က ပြင်ရလိမ့်ဦးမယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ဘဏ်လုပ်ငန်းတွေပါတယ်။ နောက်တစ်ခုက အာမခံလုပ်ငန်းပေါ့နော်။ အဲ့တော့ ကျနော်ထင်တယ် ပြောမယ်ဆိုရင် စီးပွားရေးစနစ်မှာ ဘဏ်တို့ ငွေကြေးတို့ဆိုရင် အမေရိကန် မပါရင်တော့ မဖြစ်ဘူးခင်ဗျ။ နောက်တစ်ခုက ကျနော်တို့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း အမေရိကန် ကုမ္ပဏီတွေ ပါလာမှပဲ ဒေသတွင်း ကုမ္ပဏီတွေကလည်း ပိုပြီးတော့ ယုံကြည်အားထားမှု ရှိလာမယ်ပေါ့နော်။ အဲ့တော့ ကျနော်ထင်တာ ဒီလိုကိစ္စတွေက အရေးကြီးပါတယ်။”
အခုချုပ်ဆိုတဲ့ သဘောတူညီချက်အောက်မှာ အလုပ်သမား အခွင့်အရေး ကိစ္စရပ်တွေကို မြှင့်တင်ပေးဖို့ အမေရိကန် တာဝန်ရှိသူတွေအနေနဲ့ မြန်မာအစိုးရပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးလာတဲ့ ၂၀၁၂ ခုနှစ်ကတည်းကဆိုရင် မြန်မာနဲ့ အမေရိကန် ကုန်သွယ်ရေးဟာ အရင်ကထက် ပိုများလာပါတယ်။ ၂၀၁၃ ခုနှစ် ပထမဆုံး သုံးလပတ်အတွင်းမှာပဲ အမေရိကန် မြန်မာ နှစ်ဘက်ကုန်သွယ်ရေးဟာ ဒေါ်လာ သန်း ၉၀ အထိ ရှိတယ်လို့ အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့က ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ နိုင်ငံတကာနဲ့ ကုန်သွယ်ရေး ပမာဏဟာ ဒေါ်လာ ဘီလီယံ ၂၀ အကြမ်းဖျင်း ရှိမယ်လို့ အမေရိကန် ကုန်သွယ်ရေး အထူး ကိုယ်စားလှယ်ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုသဘောတူညီချက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ပြည်ထောင်စုကို ပထမဆုံး တရားဝင် ခရီးစဉ်အတွင်း ဖြစ်ထွန်းမှု တစ်ခုပါ။ သမ္မတ ဦးသိန်းစိန်ဟာ မနေ့က မနက်ပိုင်းကတော့ အမေရိကန် ကွန်ဂရက် ကိုသွားပြီး၊ အထက်လွှတ်တော်ထဲ ပါတီနှစ်ရပ် ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ အထက်လွှတ်တော်အမတ် ဟယ်ရီ ရိ (Harry Reid)၊ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် (Mitch McConnell) တို့အပြင် အထက်လွှတ်တော်အမတ် ဘန် ကာဒင် (Ben Cardin)၊ အထက်လွှတ်တော်အမတ် ကယ်လီ အာယတ် (Kelly Ayotte) နဲ့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) တို့နဲ့အတူ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက် မနေ့ နေ့လည်ပိုင်းမှာတော့ ဝါရှင်တန်ဒီစီကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။