ဘင်္ဂလားဒေ့ရ်ှ ရွေးကောက်ပွဲမတိုင်ခင် တင်းမာမှုတိုး

ဘင်္ဂလားဒေ့ရ်ှ ၂၀၁၄ ရွေးကောက်ပွဲ

ဘင်္ဂလားဒေရှ့်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ တင်းမာမှုတွေ တိုးလာတာနဲ့ အတူနိုင်ငံရေးပါတီတွေကြား ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပြီး ပါတီ စည်းရုံးရေး ဝန်ထမ်း ၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ထိုက်ခိုက်ဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဝန်ကြီးချုပ် Sheikh Hasina ရဲ့ အာဏာရ Awami League ပါတီနဲ့ အဓိက အတိုက်အခံBangladesh Nationalist ပါတီတို့က ပါတီဝင်တွေကြား မနေ့ အင်္ဂါနေ့က မြို့တော် ဒက္ကားတွင်းက ဒေသ ၂ ခုမှာ ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ကြပြီး Awami League ပါတီက စည်းရုံးရေးမှူး နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လူ ၄၅ ယောက်ကို အမှုဖွင့်ထားပြီး နောက်ထပ် ထပ်ပြီး ဖမ်းဆီးရမိဦးမယ်လို့ ယူဆကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ တာဝန်ရှိသူက ပါတီကြီး နှစ်ရပ်လုံးကို ဆင့်ခေါ်ပြီး နောက်ထပ် ပဋိပက္ခတွေ ထပ်ပြီး မဖြစ်ရေး ပြောဆိုထားကြောင်းလည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ Elias Sharif က ပြောပါတယ်။

အတိုက်အခံ BNP ပါတီက ငြိမ်းချမ်းတဲ့ အခြေအနေကို ဖျက်ဆီးနေတယ်၊ Awami League ပါတီက လူတွေကို တိုက်ခိုက်နေတယ်လို့ အာဏာရ Awami League ပါတီ ပြောခွင့်ရ Hasan Mahmud က စွပ်စွဲပါတယ်။ အတိုက်အခံ BNP ပါတီဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုပြီး သူတို့ပါတီကို ထောက်ခံသူ အနည်းဆုံး ၂၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။ အတိုက်အခံ BNP ပါတီ အတွင်းရေးမှူးချုပ်ရဲ့ ယာဉ်တန်းကိုလည်း Awami League ပါတီဘက်က လူတွေက တိုက်ခိုက်တယ်လို့လည်း အတိုက်အခံပါတီဘက်က ပြန်ပြီး စွပ်စွဲထားပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရ်ှ ရွေးကောက်ပွဲမတိုင်ခင် တင်းမာမှုတိုး