ဘင်္ဂလားဒေ့ရှ့်လုံခြုံရေး နိုင်ငံတကာ သတိပေး

ဒါကာမြို့တော်မှာ အီတလီ အကူအညီပေးရေး လုပ်သား တဦး ပစ်သတ်ခံရ။

ဘင်္ဂလားဒေရှ့် နိုင်ငံ ဒါကာမြို့တော်မှာ အီတလီ အကူအညီပေးရေး လုပ်သား တဦး ပစ်သတ်ခံရမှုကို အစ္စလာမ္မစ် အစွန်းရောက် IS တို့က သူတို့ လက်ချက် ဖြစ်တယ် လို့ ပြောဆိုလိုက်ပြီးနောက်မှာတော့ ဘင်္ဂါလားဒေရှ့် နိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးအနောက်နိုင်ငံ သံရုံးတွေက သူတို့ရဲ့ နိုင်ငံသားတွေကို သတိပေးချက်တွေ ထုတ်ပြန်နေကြပါတယ်။

ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက သြစတေးလျ နိုင်ငံသားတွေကို စစ်သွေးကြွတွေက ပစ်မှတ်ထား တိုက်ခိုက်နိုင်တယ် ဆိုတဲ့ ယုံကြည်ရလောက်တဲ့ သတင်း အချက်အလက် သစ်တွေရှိနေတယ်လို့ အမေရိကန် သံရုံးက ပြောဆိုထားပါတယ်။

အမေရိကန် နိုင်ငံသားတွေ အပါအဝင် တခြား နိုင်ငံခြားသားတွေကိုလည်း တိုက်ခိုက်ခံရနိုင်တယ်လို့ ပြောဆိုထားပါတယ်။ နိုင်ငံခြားသားတွေ အုပ်စုဖွဲ့ရှိနေတတ်တဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ရှားကြဖို့နဲ့ နိုးနိုးကြားကြား သတိထားကြဖို့ကိုလည်း အမေရိကန် သံရုံးက နိုင်ငံသားတွေကို တိုက်တွန်းထားပါတယ်။

ကနေဒါ၊ သြစတေးလျနဲ့ ဗြိတိန်နိုင်ငံ ဆိုင်ရာ သံရုံးတွေကလည်း အလားတူ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ မနေ့ တနလာၤနေ့တုန်းက အီတလီနိုင်ငံသား Cesare Tavella ဟာ ဒါကာမြို့က သံတမန် ရပ်ကွက် အတွင်းမှာ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။