သြစတြေးလျနိုင်ငံအနီးက ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်း၂ ခုပေါ်က စခန်းတွေမှာ နှစ်တွေနဲ့ချီ ထိန်းသိမ်းခံထားရတဲ့ ဒုက္ခသည်အုပ်စုတစုဟာ အမေရိကန်ပြည်ထောင်စုမှာ အမြဲအခြေချနေထိုင်ဖို့ အင်္ဂါနေ့က ထွက်ခါွသွားကြပါပြီ။
Papua New Guinea မြောက်ပိုင်းက Manus စခန်းနေ ဒုက္ခသည် ၂၂ ဦးတို့ဟာ မြို့တော် Port Moresby မှာ လေယာဉ်စီးရမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ကတဆင့် အမေရိကန်ပြည်ထောင်စုကို ထွက်ခွါကြရမှာဖြစ်ပါတယ်။ Nauru ကျွန်းပေါ်မှာ ထိန်းသိမ်းထားတဲ့ဒုက္ခသည်ဦးရေ ၃၀ ပါတဲ့ ဒုတိယအုပ်စုကိုတော့ လာမယ့် ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံကို ပု့ပေးမယ်လို့ Port Morseby မြို့မှာရှိတဲ့ အမေရိကန်သံရုံးက လူထုဆက်ဆံရေးအရာရှိ Bebverly Thacker ကပြောပါတယ်။ ဒုက္ခသည်ပေါင်း ထောင့်နှစ်ရာငါးဆယ် ကို အမေရိကန်ပြည်ထောင်စုက လက်ခံရေး သမ္မတဟောင်း Barak Obama အစိုးရ သက်တမ်းကုန်ဆုံးခါနီးအချိန်မှာ သြစတေးလျနိုင်ငံနဲ့ သဘောတူညီမှုရထားခဲ့ကြတာပါ။
အဲဒီသဘောတူညီမှုအရ ဒီဒုက္ခသည်တွေကို ပထမအသုတ်အဖြစ် ပေးပို့မှာဖြစ်ပါတယ်။ သမ္မတ Donald Trump က သမ္မတ တာဝန်ယူပြီး နာရီပိုင်းအကြာမှာပဲ သြစတြေးလျဝန်ကြီးချုပ် Malcom Turnbull နဲ့တယ်လီဖုန်း ဆက်ပြောဆိုချိန်အတွင်းအဲဒီသဘောတူညီမှုကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒုက္ခသည်တွေကို လက်ခံဖို့ သဘောတူခဲ့တာဖြစ်ပြီး ဒီ့မတိုင်ခင် ဖေဖော်ဝါရီလမှာတော့ဒါဟာ"a dumb deal"ညံ့ဖျင်းတဲ့သဘောတူညီမှုဆိုပြီးတွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5