ကန်အမျိုးသားလုံခြုံရေးအကြံပေး နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ

ကန်အမျိုးသားလုံခြုံရေးအကြံပေး နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ (Myanmar State Counsellor Office)

(Zawgyi / Unicode)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien တို့ တနလာၤနေ့တုန်းက အာဆီယံ ထိပ်သီး အစည်းအဝေး ပြင်ပမှာ သီးခြားတွေ့ဆုံပြီး ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ ဌာနေပြန်ရေး အပါအဝင် ကိစ္စရပ် အများအပြား ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဌာနေပြန်လာနိုင်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့်ကြား သဘောတူညီချက်နဲ့ ဆောင်ရွက်နေတဲ့ အခြေအနေ၊ နောက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ဖြစ်တဲ့ UNHCR၊ UNDP တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာ အစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု၊ သားရိုင်း တိရိစ္ဆာန် မှောင်ခို ရောင်းဝယ်မှု တားဆီး တိုက်ဖျက်ရေး အပြင် နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Robert O’Brien နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဘန်ကောက်မြို့တော်က သီးသန့် တွေ့ဆုံဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scott Marciel လည်း တက်ရောက်ခဲ့သလို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နဲ့ ဦးကျော်တင် တို့လည်း ပါဝင်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ကန်အမျိုးသားလုံခြုံရေးအကြံပေး နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံ


..................


(Unicode)


