အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ထဲက နောက်ဆုံးဖြစ်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့ကို မကြာခင် ရောက်ရှိမှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ချက်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်တွေ၊ လွှတ်တော် ဥက္ကဌနဲ့လည်း တွေ့ဆုံဖို့ ရှိသလို Prague မြို့မှာ ကျင်းပမယ့် Forum 2000 အခမ်းအနားကို လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ မကြာခင် ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့ကို ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ ဘယ်လိုတွေ ပြင်ဆင်ထားသလဲဆိုတာ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
နှစ်စဉ် ချက်ပြည်သူ့သမ္မတနိုင်ငံ Prague မြို့မှာ ကျင်းပလေ့ရှိတဲ့ Forum 2000 ညီလာခံကြီးကို တက်ရောက်ဖို့အတွက် လာရောက်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ အခုဆိုရင် ဒီခရီးစဉ်ကို စီစဉ် ဖိတ်ကြားခဲ့သူတွေကရော အဲ့ဒီမှာရှိနေတဲ့ မြန်မာမိသားစုတွေကပါ ပြင်ဆင်နေကြတာပါ။
ဒီ Forum 2000 ညီလာခံကြီး ကို တက်ရောက်ဖို့အတွက် ချက်ပြည်သူ့
သမ္မတနိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်စဉ် ဖိတ်ကြားခဲ့ပေမဲ့ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးအကြိမ် တက်ရောက်လာတာလည်းဖြစ်ပြီး သူ့ကို ကြိုဆိုဖို့ ပြင်ဆင်နေကြတာနဲ့ ပတ်သက်ပြီး တော့ ကြိုဆိုရေးအဖွဲ့ထဲမှာ ပါဝင်သူ Prague မြို့ရှိ မြန်မာ့အဖွဲ့အစည်း ဒါရိုက်တာ မစပယ်စိုးက ပြောပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ Prague မြို့ကို ရောက်ပါမယ်။ ရောက်တဲ့အခါကျရင် မြန်မာမိသားစုအသိုင်းအဝိုင်းထဲက လူ ၁၀ ယောက်လောက်ကို သူ တည်းမယ့် ဟိုတယ်ရှေ့မှာ ကြိုဆိုဖို့ Organizers တွေကနေ ခွင့်ပြုပါတယ်။ ခွင့်ပြုတာကတော့ လူ ၁၀ ယောက်ပဲ ခွင့်ပြုတာကြောင့်မို့လို့ ကျမတို့က ဒီမြန်မာမိသားစု အသိုင်းအဝိုင်းထဲမှာ ရှိတဲ့လူတွေ ထဲကနေပြီးတော့ လာနိုင်တဲ့သူကို ကျမတို့ အကြောင်းကြားပါတယ်။
မြန်မာ့အသိုင်းအဝိုင်းကတော့ UNHCR ရဲ့ Resettlement Program နဲ့ ရောက်ရှိနေထိုင်နေတဲ့ ဒုက္ခသည်မိသားစုတွေရှိတယ်။ ဒီ့အပြင်ကို ဒီမှာ ကျောင်းလာ တက်နေတဲ့ ကျောင်းသားကျောင်းသူတွေလည်းရှိပါတယ်။ ဒီ့အပြင် ချက်နိုင်ငံမှာ အခြေချနေတဲ့ ပုဂ္ဂိုလ်ကြီး နှစ်ယောက် သုံးယောက်လည်းရှိတယ်။ ကျမတို့ ဒီလူ ၁၀ ယောက်ကို ရွေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့စီစဉ်ထားပါ တယ်။”
ဒီ Forum 2000 ကို စတင်ထူထောင်သူကတော့ ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ဖြစ်ပြီးတော့ သူဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၁၅ ရက်နေ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ၃ ရက်ကြာကျင်းပမယ့် ဒီ Forum 2000 ညီလာခံကြီးရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ကို ဂုဏ်ပြုပြီးတော့ အဖွင့်မိန့်ခွန်း ပြောကြားဖို့ရှိတယ်လို့ မစပယ်စိုး က ဆက်ပြောပြပါတယ်။
“ဒီ ချက်သမ္မတနိုင်ငံ Prague မြို့မှာ နှစ်စဉ်ကျင်းပတဲ့ Forum 2000 ကတော့ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေရဲ့ တွေ့ကြုံဖလှယ်ပွဲတစ်ခုပါ။ ဒေါ်အောင်ဆန်းစုကြည်ကို Forum 2000 ၂၀၀၀ ခုနှစ်မှာ စတင် ထူထောင်တဲ့ အချိန်ကတည်းကစပြီး သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်လေ့ရှိပါတယ်။ ဒါပေမဲ့ အရင်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်နိုင်တဲ့ အခြေအနေ မရှိတဲ့အတွက်ကြောင့်မို့ မတက်ရောက်ခဲ့ပါဘူး။ Vaclav Havel ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြဲတမ်းဖိတ်ခေါ်ပြီးတော့ ဒီအစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်း စုကြည် မလာခဲ့နိုင်ပေမဲ့ ဒေါ်စုရဲ့ ဓာတ်ပုံနဲ့ နေရာတနေရာ အမြဲတမ်း ချန်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေခဲ့ပါတယ်။
ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က Forum 2000 အခမ်းအနားကြီးကို ဖွင့်ပွဲမှာ စကားပြောမိန့်ခွန်းပြောဖို့ အစီအစဉ်ရှိပါတယ်။ သမ္မတကြီး Havel ကတော့ ဆုံးသွားတဲ့အတွက်ကြောင့် သူတို့ လူကိုယ်တိုင်တော့ မတွေ့နိုင်ဘူး ပေါ့။ ဒါပေမဲ့ သမ္မတ Havel လုပ်ခဲ့တဲ့ အရာတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီးတော့ ကျေးဇူးတင်စကား ပြောနိုင်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”
ညီလာခံကျင်းပတဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံတွင်း ပီပြင်တဲ့ အစိုးရကောင်းတရပ် ဖော်ေဆောင်ရေးမှာ ရှိနေတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို ညီလာခံ နောက်ဆုံးနေ့မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ချဉ်းကပ်မှုအသစ် ပုံစံပြောင်းဖို့ လိုအပ်တယ်ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ Forum 2000 ညီလာခံကြီးကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုဘဲလ်ဆုရှင်တွေနဲ့ ပညာရှင်တွေ တက်ရောက်လာမှာဖြစ်တဲ့အတွက် လုံခြုံရေးကိုလည်း တင်းကျပ်ထားတာပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ ချက်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ချက်သမ္မတ မီးလော့စ် ဇီးမန်း အပါအဝင် ချက်နိုင်ငံခြားရေးဝန်ကြီးရော ပြီးတော့ ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံဖို့ရှိသလို ဒီညီလာခံကြီးကို တက်ရောက်လာမယ့် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက သမ္မတဟောင်း F.W.D Klerk နဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူ့ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ အဆုံးသတ်ပြီး ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။
အခု ဒီခရီးစဉ်ဟာ နေအိမ်အကျယ်ချုပ် လွတ်မြောက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ် ဥရောပခရီးစဉ်ဖြစ်ပြီး ပိုလန်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံနဲ့ ချက်ပြည်သူ့သမ္မတ နိုင်ငံတွေကို သွားရောက်ခဲ့တာပါ။ ပထမအကြိမ်ကတော့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာဖြစ်ပြီး ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ် တို့ကို သွားရောက်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်နေ့ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးရင်တော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စင်္ကာပူနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်ရှင်။