MMA ကမ္ဘာ့ချန်ပီယံ Burmese Python အောင်လအန်ဆန်ရဲ့ အမေရိကန်မှာ ရုန်းကန်ကြိုးပမ်းမှု

ONE Middleweight ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ Aung La N Sang။ ဓာတ်ပုံ- ONE Championship

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချိန်ပီယံ ဘွဲ့ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ သူနေထိုင်ရာ အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်ကို ပြန်လည်ရောက်ရှိလာတဲ့ အောင်လအန်ဆန်က ဗွီအိုအေကိုပြောပါတယ်။

ဇွန်လ (၃၀)ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ One Championship- MMA ကိုယ်ခံပညာစုံ သုံးခွင့်ရှိတဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ချန်ပီယံဟောင်း ရုရှနိုင်ငံသား Vitaly Bigdash ကို အောင်လအန်ဆန် အနိုင်ရ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။

MMA ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ ကြိုးစားခဲ့ပုံကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ သူရဲ့ ချန်ပီယံပွဲကို တီဗွီရုပ်သံကနေ ကြည့်နေစဉ် သေဆုံးသွားသူရဲ့ နေအိမ်ကို ကိုယ်တိုင်သွားရောက်ပြီး ကူညီပံ့ပိုးခဲ့တာနဲ့ ပတ်သက်လို့အောင်လအန်ဆန်က အခုလို စပြောပါတယ်။

အောင်လအန်ဆန်။ ။ စိတ်မကောင်းဘူးပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော့်ပွဲမှာ ကြည့် ပြီးတော့ စိတ်လှုပ်ရှားပြီး သေသွားတယ် ဆိုတော့ ကျနော် စိတ်မကောင်းဘူး။ ကျနော့်ကြောင့် ဖြစ်တာပေါ့နော်။ အားကစားသမား အချင်းချင်းအနေနဲ့ ဒီမှာ ကျနော် သူတို့ သွားအားပေးတာ ပေါ့နော်။ အားကစားသမားရဲ့ သက်တမ်း တော်တော် ခက်ခဲတယ်နော်။ ငွေရေးကြေးရေးရော နည်းနည်း ခက်တယ်ဆိုတော့ အဲလိုမျိုး သူတို့ အားသွားပေးချင်တာပေါ့။

မအင်ကြင်းနိုင်။ ။ ဆိုတော့ အခု Burmese Python ဆိုတဲ့ နာမည် ရလာတဲ့ အကြောင်း ပြောပြပါဦးရှင့်။

အောင်လအန်ဆန်။ ။ ကျနော် ဟို အင်ဒီယားနားမှာ ကစားတုန်းက ကျနော့် Promoter တယောက်က ကျနော်က ဘယ်နိုင်ငံကလည်းလို့ မေးတော့ ကျနော်က မြန်မာပြည်ကလို့ ပြောတယ်။ သူက မြန်မာဆိုတာ တခါမှ မကြားဖူးဘူးတဲ့။ ဒါပေမယ့် သူတို့ အင်ဒီယားနားမှာ လူတွေက သိတာ Burmese Python ဆိုတဲ့မြွေ သူတို့ မွေးတယ်လေ။ မွေးတော့ သူတို့ ပြောတာ အဲဒီ Burmese Python သိလားဆိုတော့ အဲ ဒါတော့ သိတယ်တဲ့။ Burmese Python လာတဲ့ နိုင်ငံပဲလို့ ပြောတော့ သူတို့ Nick Name မှာ ကျနော့်ကို Burmese Python ဆိုပြီးတော့ ပေးလိုက်တယ်။ နောက်ပြီး ကျနော် ကစားရင် သူများကို ချုပ်တယ်လေ။ ချုပ်တတ်လို့ ကျနော့ကို Burmese Python လို့ နာမည်ပေးလိုက်တယ်။

မအင်ကြင်းနိုင်။ ။ အဲလို ချန်ပီယံ ဖြစ်လာဖို့ပေါ့နော် ကြိုးစားခဲ့ရတဲ့ အပိုင်းမှာ အမေရိကန်ကို အဲလို ရောက်ရှိလာတဲ့ အခြေအနေရော အကျဉ်းချုပ်ပြီး ပြောပေးလို့ ရမလားရှင့်။

အောင်လအန်ဆန်။ ။ ကျနော် အမေရိကန်ကို လာတာ ပညာလာသင်ဖို့ ဆိုပြီးတော့လာတာ။ မြန်မာပြည်မှာ သုံးလို့ရတဲ့ ပညာတတ်အောင် ဆိုပြီးတော့ ဒီကို လာသင်တာပေါ့နော။ ကျောင်းလာတက်တော့ ကျနော်က Agriculture Science လာသင်တယ်လေ။ ဒါပေမဲ့ အဲဒါသင်ရင်းနဲ့ ကျနော် MMA ကို အရမ်းစိတ်ဝင်စားပြီးတော့ MMA ကို စ ကစားတယ်။ ၁၉ နှစ်ကနေပြီးတော့ စကစားတယ် ကျနော်။ အဲဒါ ဆက်သင်ရင်းနဲ့ ကျနော် အမေရိကန်မှာဘဲ ပြန်နေဖြစ်သွားတာ။ Bachelor ဒီဂရီရပြီးတော့ MMA ဘဲ ဆက်ကစားသွားတယ်။ ၂၀၀၅ ကနေပြီးတော့ စကစား တာဆိုတော့ ၁၂ နှစ်လောက်ရှိသွားပြီ။ Mix Martial Arts ဆိုတာ သိုင်းပေါင်းစုံ ပေါ့နော်။Box ထိုးလို့ရတယ်။ ကန်လို့ရတယ်၊ ထိုးလို့ရတယ်။ နဘမ်းလုပ်လို့ရတယ်။ ချုပ်လို့ရတယ်။ အဲလိုမျိုး ကြိုက်တဲ့ဟာ သုံးလို့ရတယ်။ ပညာသားလည်း အရမ်းပါတယ်။ အဲဒီအတွက် ကျနော်က အရမ်း နှစ်သက်တယ်။ ကျနော် စကစားတုန်းက သိပ်နာမည် မကြီးသေးဘူး။ အခုတော့ အရမ်း Popular ဖြစ်ပြီ။ လူတိုင်းလောက် သိတယ် ဒီမှာ။ တနေ့ကို ဒီပွဲအတွက် ကျနော် ၆ နာရီလောက် ကျင့်ရတယ်။တပတ်မှာ တခါတလေဆို ၇ ရက်လောက် တောင် ကျင့်ရတယ်။

မအင်ကြင်းနိုင်။ ။ အခု အဲလို One Champion ဗိုလ်လုပွဲ အဲဒီမှာ ဒီအရင် ချန်ပီယံကို စိန်ခေါ်ပြီးတော့ ထိုးသတ်နိုင်ဖို့ပေါ့နော် ပြိုင်ပွဲ အဆင့်ဆင့်တွေ ဘယ်လိုတွေ ရှိခဲ့လဲ ပေါ့နော်။

အောင်လအန်ဆန်။ ။ ဟုတ် အစကတော့ ရှိုးအသေးတွေမှာ ကစားရတာပေါ့နော။ Local Show မှာ ကစားရတယ်။ အင်ဒီယားနားတို့မီရှီဂန်တွေမှာ နောက် အီလီနွိုက်တို့ အတ္တလန်တစ်စီးတီးတို့မှာ ကစားတယ် ကျနော်။ Local Show မှာ ကစားပြီးတော့ နောက်ဆို National Show မှာ ကစားရတယ်။ အခုဒါက International ပေါ့နော။ World Champion ဖြစ်ပြီပေါ့။ ဒါပေမယ့် အရင် စတဲ့ အချိန်မှာတော့ ပိုက်ဆံလည်း ဘာမှ မရဘူး။ အရမ်းကြီး ရုန်းကန်ရတာပေါနော်။ အလုပ်လည်း လုပ်ပြီးတော့ ကစားရတယ်။ တဖြည်းဖြည်း ပိုအောင်မြင်လာတယ်။ Local Level မှာ အောင်မြင်လာတယ်။ Regional ပေါ့နော် Regional ပြီးမှ National။ အဲလိုမျိုး Nationalပြိုင်ပွဲတွေ အဲဒါပြီးတော့ အခုမှ ၈ နှစ်လောက် ကစားပြီးမှ International Level ကိုရောက်တာ။

မအင်ကြင်းနိုင်။ ။ အခုဒီ Vitaly Bigdash ကို အောင်လက ပြန်ပြီး စိန်ခေါ်တဲ့ စိန်ခေါ်ပြီး ထိုးတဲ့ အခါမှာ သုံးခဲ့တဲ့ နည်းနာပေါ့လေ။ အဲဒါကိုလည်း ရှင်းပြပေးလို့ ရမလားရှင့်။

အောင်လအန်ဆန်။ ။ Bigdash နဲ့ ကျနော် အရင်တခေါက် ကစားတုန်း ကတော့ အမှတ်နဲ့ ရှုံးတယ်လေ သူ့ကို။ဂျကာတာ အင်ဒိုနီးရှားမှာ။ ဒီနှစ်ကပဲ ဇန်နဝါရီလက။ Bigdash က လူတယောက်နဲ့ တခြားတယောက်နဲ့ ကစားရမှာ ဖြစ်တယ်။ ဒါပေမယ့် ကျနော့ကို ပြောတယ် မြန်မာပြည်မှာ ပွဲရှိရင် မင်းကို အဲဒီပွဲကို လေ ျှာ့ပေးမယ်တဲ့။ အဲလိုပြောထားတော့ ကျနော်က ဇူလိုင်အထိ တကယ်စောင့်ရမှာ။ ဒါပေမယ့် မတော်တဆ သူနဲ့ ကစားရမယ့် ကောင်က Injury ဖြစ်သွားတယ်လေ။ Injury ဖြစ်သွားတော့ ဇန်နဝါရီလမှာ ကျနော် ၁၀ ရက် အတွင်းမှာပဲ ကျနော့်ကို ခေါ်ပြီးတော့ ကစားခိုင်းတယ်။ အဲတော့ ကောင်းကောင်း Prepare လုပ်လို့ မရဘူးပေါ့နော။ အဲဒီပွဲ မယူခင် သူတို့ Contract မှာ ပြောထားတယ် မြန်မာပြည်မှာ အကယ်၍ ရှုံးရင် Rematch ရအောင်ဆိုပြီးတော့ Contract မှာ ရေးထားတယ်။ အဲတော့ ကျနော် ရှုံးတော့ ကျနော် ပြန်သွားပြီးတော့ Plan လုပ်တာပေါ့နော်။ သူ့လက်အား သိပ်မကောင်းလို့ ဆိုတာ ကျနော်သိတယ်။ ဆိုတော့ Boxing ပိုကျင့်ပြီးတော့ ကျနော် ဒီပွဲမှာ Boxing နဲ့ ကျနော် နိုင်အောင်ဆိုပြီးတော့ ကျနော် ကစားလိုက်တယ်။

မအင်ကြင်းနိုင်။ ။ အဲတော့ ဒီ အခု ချန်ပီယံမှာ အခု လူတွေက စိတ်ဝင်စားတာက မြန်မာနိုင်ငံမှာလည်း ပြိုင်တယ်၊ နောက်ပြီးတော့ ကမ္ဘာ့ ချန်ပီယံ တယောက်အနေနဲ့ပေါ့နော် ကချင်တိုင်းရင်းသား ပထမဆုံး အကြိမ် ဆိုတဲ့ ဘယ်လို သဘောထား ရှိပါလဲရှင့်။

အောင်လအန်ဆန်။ ။ အားကစား သမား အနေနဲ့ရော ကျနော် ပြောချင်တာက ကျနော် တယောက်တည်းဘဲ ဖြစ်လို့ ကျနော် အောင်မြင်တာမဟုတ်ဘူး။ ကျနော့် အသင်းနဲ့ ကျနော့် ဟို အားလုံး ကျနော့် ကူညီပေးလို့ ဒီလို ကျနော့်ဆရာတွေ ကျနော့် အသင်းသားတွေ အားလုံး ကူညီလို့ ကျနော် အောင်မြင်သွားတာပေါ့နော။ အဲလိုဘဲ မြန်မာနိုင်ငံမှာလည်း လူများ စည်းလုံးပြီး လုပ်ရင် ပိုအောင်မြင်နိုင်တယ်။ အချင်းချင်းပဲ တိုက်နေခိုက်နေရင်တော့ တိုးတက်မယ့် အလားအလာ ရှိမှာ မဟုတ်ဘူး။ အကယ်၍ ကျနော်သာ မြန်မာပြည်ပြန်ပြီးတော့ သွားသင်မယ်ဆိုရင်ရော အချင်းချင်းပဲတိုက်နေမယ် အချင်းချင်းပဲ ရန်ဖြစ်နေရင်တော့ ကမ္ဘာမှာ ပြိုင်လို့ရမှာ မဟုတ်ဘူး။

မအင်ကြင်းနိုင်။ ။ အောင်လအန်ဆန် အနေနဲ့ရော ဒီကနေ ဘယ်ထိလေ ျှာက်လှမ်းဖို့ အခြေအနေ ရှိလဲရှင့်။

အောင်လအန်ဆန်။ ။ အခု ဆက်ကစားဖို့ စီမံကိန်း ရှိတယ်လေ။ ကျနော့ ခါးပတ်ကို ထိမ်းသိမ်းပြီးတော့ ဆက်ကစားချင်တယ်။ ကျနော် အားရှိတဲ့ အချိန်အထိ ကျနော် နေကောင်းတဲ့ အချိန်အထိ ကျနော် ကစားချင်သေးတယ်နော။ နောက ်ဒီ MMA က သိုင်းပေါင်းစုံဆိုတော့ သင်ဖို့ အများကြီး ရှိသေးတယ်။ ကျနော် တတ်ဖို့ အများကြီးရှိသေးတယ်။ ကျနော် ကျင့်ဖို့ အများကြီးရှိသေးတယ်။ အဲဒါတွေအားလုံးပြီးမှ သူများကို သင်ပေးဖို့ဆိုပြီးတော့ ကျနော် ကျောင်းဖွင့်ချင်တယ်နော မြန်မာပြည်မှာ။ ဒီလိုမျိုး ကစားတာ ၁၀ နှစ်ကျော်ပြီ။ ၁၀ နှစ်ထဲမှာ ၉ နှစ်လောက်က အရမ်း ခက်ခဲတာပဲ။ လွယ်လွယ်နဲ့ မရဘူး။ အရမ်းကြိုးစား ခဲ့ရတယ်။ စိတ်ရော အရမ်းနာခဲ့ရတယ်။ အသက်က အရမ်းခက်ခဲတာ။ လူငယ်တွေကို ပြောချင်တာကတော့ အဲလိုမျိုး စိတ် တင်းတင်းထား ပြီးတော့ ကြိုးစား ခိုင်းစေချင်တာပေါ့နော် အဲလိုမျိုး။

Your browser doesn’t support HTML5

MMA ကမ္ဘာ့ချန်ပီယံ Burmese Python အောင်လအန်ဆန်ရဲ့ အမေရိကန်မှာ ရုန်းကန်ကြိုးပမ်းမှု