ပင်လယ်တွင်း အမှိုက်သရိုက်ရှင်းဖို့ အာဆီယံသဘောတူ

ဖိလစ်ပိုင်ပင်လင်ပြင်ရှိ အမိုက်ပုံများ

ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ညီလာခံအတွင်း ဒေသတွင်း နိုင်ငံခေါင်းဆောင် တွေက ဘန်ကောက်ကြေညာစာတမ်း တရပ်ကို သဘောတူခဲ့ကြပြီး၊ အဲဒီသဘောတူညီချက်အရ ပင်လယ်သမုဒ္ဒရာတွေ အတွင်းက စွန့်ပစ်ထားတဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်း ဖယ်ရှားသွားဖို့ဖြစ်ပါတယ်။

စနေနေ့က ကျင်းပခဲ့တဲ့ ညီလာခံအတွင်း အာဆီယံခေါင်းဆောင်တွေက အဲဒီလို သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဘန်ကောက်ကြေညာစာတမ်း အရ၊ ပင်လယ်သမုဒ္ဒရာတွေအတွင်းမှာ အမှိုက်တွေစွန့်ပစ်တာကို ကာကွယ်လျှော့ချဖိုအတွက် ကမ်းပိုင်း နဲ့ ပင်လယ်ပြင်မှာ အားပေး လုပ်ဆောင်ဖို့၊ နိုင်ငံရဲ့ ဥပဒေတွေ နဲ့ စည်းမျဉ်းစည်းကမ်းတွေ အားကောင်း လာအောင်လုပ်ဖို့ နဲ့ ဒေသတွင်း နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ကြဖို့ကို အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ပင်လယ်တွင်း စွန့်ပစ်အမှိုက်တွေကို ဖယ်ရှားရေး မူဘောင်နဲ့ ပတ်သက်ပြီး ဒေသတွင်း ခေါင်းဆောင်တွေက ကြိုဆိုခဲ့ကြပြီး၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီမူဘောင်ကို အချိန်မီ အကောင်အထည် ဖော်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်း လိုက်ပါတယ်။ စနေနေ့က ထုတ်ပြန်လိုက်တဲ့ အာဆီယံရဲ့ အဲဒီမူဘောင်အရ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီကိစ္စကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာနဲ့ ပင်လယ်တွင်းက အမှိုက်တွေကို ဖယ်ရှားတဲ့နေရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာကို အသိအမှတ် ပြုခဲ့ကြပါတယ်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မနေ့ စနေနေ့က နဲ့ ဒီကနေ့တွေမှာ ၂ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပြီး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပင်လယ်တွင်း အမှိုက်သရိုက်ရှင်းဖို့ အာဆီယံသဘောတူ