မြန်မာဟာ အာဆီယံရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ် - ဘရူနိုင်းဘုရင်

{{Zawgyi/Unicode}}


မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့ အရေးပါတဲ့အစိတ် အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့အဖွဲ့ဝင်ဖြစ်မှုအပေါ် မေးခွန်းထုတ်စရာတောင်မလိုကြောင်း အာဆီယံ ထိပ်သီးစည်းဝေးပွဲကို ကမကထပြု ကျင်းပခဲ့တဲ့ ဘရူနိုင်းဘုရင် Hassanal Bolkiah က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံဟာ မြန်မာနိုင်ငံအတွက် အမြဲတမ်းရှိနေမှာဖြစ်သလို အာဆီယံနဲ့ မြန်မာအကြား ရရှိထားတဲ့ အခြေခံမူဘောင် သဘောတူညီချက် (၅) ချက်ကို အကောင် အထည်ဖော်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံတွေအဖြစ် တိုးမြင့်သတ်မှတ်လိုက်ကြောင်း ဘရူနိုင်းဘုရင်က ဒီကနေ့ ကြေညာချိန်မှာပဲ မြန်မာနိုင် ငံနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို အဲဒီလို ဖြေကြားခဲ့တာပါ။ အာဆီယံဟာ သြစတေးလျနဲ့ မဟာဗျူဟာမြောက် မိတ်ဘက်နိုင်ငံအဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပြီး နောက်တနေ့မှာပဲ တရုတ်နိုင်ငံနဲ့လည်း အလားတူ အဆင့်တိုးမြှင့်လိုက်တာပါ။

တချိန်တည်းမှာပဲ အခုတကြိမ်ကျင်းပတဲ့ စည်းဝေးပွဲကို မြန်မာဘက်က မတက်တဲ့အတွက် လာမယ့် အစည်းဝေးတွေမှာ မြန်မာနိုင်ငံ တက်မယ် မတက်ဘူးဆိုတာ မသေချာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဒီကနေ့မှာပဲ ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီး Abdullah က ဒါဟာ ဖြေဆိုဖို့ သိပ်ခက်ခဲတဲ့မေးခွန်းသဘောမျိုး ရည်ညွှန်းပြောဆိုပြီး သူ့အနေနဲ့ ဖြေဆိုနိုင်ခြင်းမရှိဘူးလို့ပဲ ပြောခဲ့ပါတယ်။

မြန်မာနဲ့ အာဆီယံအကြား ဧပြီလအတွင်း သဘောတူခဲ့ကြတဲ့ အခြေခံမူဘောင် (၅) ချက်ကို မြန်မာဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့အတွက် အောက်တိုဘာလ ၁၆ ရက်ကနေ ၂၈ ရက် ဒီကနေ့အထိ ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် အွန်လိုင်းကနေ လက်ခံကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့တာပါ။

ဒီ ထိပ်သီးစည်းဝေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ဖို့အတွက် နိုင်ငံရေးအရကိုယ်စားပြုမှုမဟုတ်တဲ့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်တဦးကို အာဆီယံဘက်က ဖိတ်ကြားခဲ့ပေမယ့် မြန်မာနိုင်ငံမှာ တိုင်းပြည်အာဏာသိမ်းယူထားတဲ့ စစ်တပ်အကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ဝန်ကြီးတဦးဦး ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ခွင့်မပြုရင် မြန်မာဘက်က ကိုယ်စားလှယ် လွှတ်မှာမဟုတ်ဘူးလို့ ထိပ်သီးအစည်းဝေးမစခင် တရက်အလိုမှာ စစ်ကောင်စီဘက်က တုံ့ပြန်ခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာဟာ အာဆီယံရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ် - ဘရူနိုင်းဘုရင်


=================

{{Unicode}}









=================