အခွန်မပေးလို့ ဟောလိဝုဒ် ရုပ်ရှင်ကားတွေ မကြည့်ရတဲ့ နိုင်ငံ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က ရုပ်ရှင်ရုံတခု

အင်ဒီုနီးရှားနိုင်ငံမှာ အစိုးရက ပြည်ပက ရုပ်ရှင်ဇာတ်ကားတင်သွင်းတာကို အခွန်အတုတ်တွေ တိုးမြှင့်လိုက်လို့ ရုပ်ရှင်ကားသစ်တွေ မဝင်တာကြာပါပြီ။ ဒီတော့ ရုပ်ရှင်ရုံတချို့လည်း ပိတ်ရမလို ဖြစ်နေသလို ရုပ်ရှင်ကြိုက် ပရိသတ်လည်း နောက်ဆုံးပေါ် ဟောလိဝုဒ်ဇာတ်ကားတွေ မကြည့်ရဘူး ဖြစ်နေတာပါ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ နိုင်ငံခြားထိသွားပြီး ရုပ်ရှင်ကြည့်ကြပါတယ်တဲ့။ ဘယ်လောက်စိတ်ညစ်စရာကောင်းပါလဲ။ နားထောင်ကြည့်ပါဦး။