တပ်မှူးတပ်သား ပြောစကား (၁၀၅)
လာမယ့်မတ်လ (၂၇)ရက်နေ့မှာ (၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ ကျရောက်တော့မှာ ဖြစ် ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ခေတ်သစ်မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ် သူ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇောနဲ့၊ မြန်မာ့တပ်မတေ်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရတင်ဦးတို့ရဲ့ တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ ပြောကြားခဲ့တာတွေကို ပြန် လည်ကောက်နှုတ် စုစည်းပြီး ဦဒရော်နီညိမ်းက တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း ။ ။ ခေတ်သစ် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ် ဝင် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဇောက၊ ဗမာ့တပ်မတော်ကို ဦးစီးဦးဆောင် စတင်တည်ထောင်ခဲ့တဲ့၊ ဗမာ့လွတ်လပ် ရေး ဗိသုကာနဲ့ ဗမာ့တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို၊ မမေ့မလျော့ကြဘို့၊ အခုလို အမှာစကား ပြောကြား ပါတယ်။
ဗိုလ်မှူးချုပ်ကျော်ဇော ။ ။ ဗိုလ်ချုပ်ဟာ၊ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ယူဖို့ လိုတယ်လို့ သဘောပေါက်လာ တော၊့ တခြား တိုင်းချစ်ပြည်ချစ် ခေါင်းဆောင်များနဲ့ စုစည်းပြီး၊ ဗမာ့တပ်မတော်ကို တည်ဆောက်ခဲ့တဲ့သူပါ။ ဗိုလ်ချုပ် ရဲ့စိတ်နေစိတ်ထားဟာ၊ အလွန်ရိုးသားဖြောင့်မတ်ပြီး၊ ဒီမိုကရေစီကိုလည်း ယုံကြည်သူ ဖြစ်ပါတယ်။ အရည်အချင်း အရလည်း၊ တိုင်းပြည်ကို နှစ်အနည်းအငယ်အတွင်းမှာ၊ စည်းရုံးသိမ်းသွင်းနိုင်သူ ဖြစ်ပါတယ် ဒါ့ကြောင့်၊ ဗိုလ်ချုပ်ရဲ့ အခြေခံတိုင်းချစ်ပြည်ချစ်နဲ့အရည်အချင်းတွေကို ယခုခေတ် တပ်မတော်သား များအပါအဝင်၊ ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်ပါတယ်။ တပ်မတော်သားများကိုလည်း ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူကိုရန်သူလို သဘောမထားကြပါနဲ့လို့၊ ပန်ကြားလိုပါတယ်။ တပ်မတော်သားများနဲ့ ပြည်သူလူထုကြားနားလည်မှုရအောင်၊ ယုံ ကြည်မှုရအောင်၊ ကြိုးစား ကြပါ လို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးရရှိ နိုင်ပါစေ။
ဦးရော်နီညိမ်း ။ ။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှာ၊ BIA (Burma Independence Army) ဗမာ့လွတ်လပ်ရေး တပ်မတော်အဖြစ် စတင်ပေါက်ဖွားခဲ့ရာက၊ ဆက်လက်တည်ရှိလာခဲ့တဲ့ ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဆက်ဆက်ထဲက၊ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို၊ ဆက်ပြီးတော့ တင်ဆက်ပေးပါ ရစေ ခင်ဗျာ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ကျနော်တို့ငယ်ငယ်တုန်းကတော့ ပုသိမ်ဗဟိုအမျိုးသားအထက်တန်းကျောင်းပေါ့။ ကျောင်း ဆရာကြီးတွေကလည်း၊ သိတဲ့အတိုင်းဘဲ။ သူတို့ကလည်း လစာရတာ မဟုတ်ပဲနဲ့၊ တကယ့် National ကျောင်းမှာ၊ အဲဒီတုန်းကလည်း ဦးဖိုးကျားတို့ စသည်ဖြင့် ပေါ့ဗျာ။ အမျိုးသားကျောင်းပညာဝန်တွေ ဘာတွေဖြစ်တော့၊ ကျနော်တို့ က၊ အဲချိန်ခါက၊ အမျိုးသားရေးနဲ့ပတ်သက်လို့ တော်တော်လေး မျိုးချစ်စိတ်ထက်သန်ဘို့ စပြီးတော့ ကျနော်တို့ စိတ် ဓါတ်တက်ကြွအောင် သင်ကြားပေးတဲ့ ကျောင်းပေါ့လေ။ အဲဒီမှာ ဘာတွေ ထူးခြားလာလဲဆိုတော့၊ ကျောင်းမှာက ကျောင်းသားသမဂ္ဂ ရှိတယ်။ ပုသိမ်မြို့လုံးဆိုင်ရာကျောင်းသားသမဂ္ဂ ပေါ့လေ။ အဲဒီမှာ ကျောင်းသားကိစ္စတွေနဲ့ လှုပ် ရှားမှုတွေ ရှိကြတော့၊ အဲဒီလှုပ်ရှားမှုတွေထဲမှာပဲ ကျနော်တို့ ပါကြဝင်ကြ လုပ်ကြရတာပေါ့ဗျာ။ ဒီဟာတွေက စိတ်ဓါတ် တွေက တက်ကြွနေတဲ့ သဘောတွေရှိတယ် ဗျ။ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA )ခေတ်ကို ကျနော် မမှီပါဘူး။ ၁၉၄၃ ခုနှစ် သြဂုတ်လ(၁)ရက်နေ့မှာ၊ မြန်မာနိုင်ငံတော်ကို ဂျပန်ကပေးတဲ့ လွတ်လပ်ရေးအတု ရတယ်ပေါ့ဗျာ၊ လွတ် လပ်ရေးအတု ရတဲ့အချိန်မှာ၊ အရင်တုန်းက ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ကို ပြန်လည်ပြီးတော့ ဗမာ့ကာကွယ်ရေး တပ်မတော် (Burma Defence Army – BDA) ကို ဖွဲ့ပါတယ် ။ အသက်(၁၆)နှစ်ပြည့်ပြီးတော့ (၁၇)နှစ်ထဲမှာပေါ့။ အဲဒီမှာ စပြီး ကျနော်က တပ်ထဲကိုဝင်တာပေါ့ စစ်ထဲဝင်တဲ့အခါ ကျတော့လည်းပဲ၊ မိခင်က ကျနော့်ကို ဆောင်းတွင်း ကြီးပေါ့၊ အဲဒီတော့ ပုသိမ်ဘူတာကို လိုက်ပို့တယ်။ အဲဒီတော့ မိခင်က သူ့ကို ကန်တော့တဲ့အခါကျတော့၊ ကန်တော့ တော့၊ အမေ ပြောတဲ့စကားလေးက ကနေ့ထိ ကျနော့်မှာ အသည်းစွဲနေတာက၊ သူက ကျနော်က ကန်တော့တော့ ငို တယ်။ မျက်ရည်တွေ ကျတာပေါ့။ အမေက “မျက်ရည်မကျနဲ့ ။ မင်းဟာ သေမြေကြီး ရှင်ရွှေထီး။ နောက်ပြီးတော့ စစ် သွားတိုက်တာကို၊ စစ်တိုက်ရမှာကို ကြောက်ပြီးတော့၊ ငါတို့အိမ်ကို ပြန်လာလို့ရှိရင်၊ အမေ ရှက်တယ်။ အဲဒီလိုဟာ မျိုး၊ မိခင်က ပြောလိုက်တာ။ အဲဒါ စိတ်ထဲမှာစွဲနေတယ်ဗျ။ အဲဒီတော့ ကျနော်က တတိယပတ် ဗိုလ်သင်တန်းကျောင်း တက်ရတယ် ဗျ။ ဗိုလ်သင်တန်းကျောင်းအုပ်က ရဲဘော်သုံးကျိပ်ပေါ့၊ ဗိုလ်မှူးလေးဇေယျ။ သူက ကျောင်းအုပ်ကြီး။ သူ့ ဆီမှာ တက်ရတယ်ဗျ။ သင်တန်းပြီးခါနီး တဝက်လောက် ကျတော့၊ အဲဒီနေရာကို ဗိုလ်ရန်နိုင် ရောက်လာတယ်။ ဗိုလ် ဇေယျက ပြန်သွားတယ်။ ဗိုလ်ရန်နိုင် ရောက်တယ်။ ကျောင်းဆင်းတော့ ဗိုလ်ရန်နိုင်နဲ့ ဆင်းရတယ်။ ကျောင်းဆင်းပြီး တော့ ကျနော် အနောက်မြောက်တိုင်းကို ကျနော် ရောက်တယ်။
ဦးရော်နီညိမ်း ။ ။ အကုန်လုံးကိုခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင်၊ ဗိုလ်သင်တန်းကျောင်းကို အန်ကယ် အခုလိုမျိုုး တက်ဖြစ်သွားတဲ့ အဓိကစေ့ဆော်ချက်က၊ ကိုယ်ကြီးပွားဘို့လား၊ ကိုယ်စစ်ဗိုလ်ဖြစ်ရင် နေရာကောင်းရမယ် ရာထူး ရမယ်၊ အဲဒီလို ရည်ရွယ်ချက်နဲ့လား။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ဟာ၊ ဘယ်၊ အဲဒါမျိုးတွေ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူး ဗျ။ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူး ။ ကျနော်တို့က တပ်ထဲဝင်မယ်၊ နောက်ပြီးတော့ တပ်မတော်မှာ တာဝန်ထမ်းဆောင်မယ်၊ နောက်ပြီး တော့ အမိမြန်မာနိုင်ငံအတွက် လုပ်မယ်၊ ဒီလိုနဲ့ ကျောင်းသားတွေစိတ်ဓါတ်နဲ့ ပါတာဘဲ။ နောက်ပြီးတော့ ဗိုလ်သင် ဗိုလ်သင်တန်းကျောင်းရောက်တော့လည်းဘ၊ဲ ဥပမာဆိုလို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း၊ စစ်သေနာ ပတိအနေနဲ့ ကျောင်းကိုလာလာပြီးတော့ စိတ်ဓါတ်ရေးရာနဲ့ ပတ်သက်လို့ ဟောတယ် ပြောတယ်ဗျ။ ဟောတဲ့ ပြော တဲ့ထဲမှာ သူပြောနေတာ အမြဲတမ်း ပြောတာက၊ ငါပေးနိုင်တာက မင်းတို့ကို စားဖို့သောက်ဖို့ဆိုရင်ပေါ့။ ငါ့အနေနဲ့ ခု ကျောက်ခဲသလဲပဲ ပေးနိုင်မယ်ပေါ့။ ဒါမျိုးတွေ ပေါ့လေ။ နောက်တစ်ခုက၊ တပ်မတော်ထဲမှာ စစ်သည်ကောင်းဖြစ်ဖို့ ဆိုတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ရှေ့ တည်ဆောက်ရမယ့် ကိစ္စအပိုင်း တွေမှာ၊ လွတ်လပ်ရေးရပြီးရင် ဘယ်လိုတည်ဆောက်မယ်၊ စသည်ဖြင့် ဒါတွေကို ဟောတဲ့ပြောတဲ့အခါမှာ၊ အင်မတန် တက်ကြွတယ်။ နောက်ပြီးတော့ သင်တန်းဆရာတွေကိုယ်တိုင်ကလည်းပဲ ကျနော်တို့ရဲ့ တပ်စုမှူးတွေ ဘာတွေက ပြီး ခဲ့တဲ့သင်တန်းပတ် ပထမပတ် ၊ ဒုတိယပတ် ဆင်းတဲ့သူတွေ။ အဲဒီလို စိတ်ဓာတ်တွေနဲ့ ပြောဟောနေတာတွေက နေ့ တိုင်းလိုဘဲ။ ပင်ပန်းတာကတော့၊ တကယ်ပင်ပန်းတယ်ဗျ။ ဒါပေမယ့်လို့ ပျော်တယ်ဗျ။ ပျော်တာကိုက အမိမြန်မာနိုင်ငံ အတွက် ရည်မှန်းချက်ကြီးကရှိနေလို့ ပျော်တယ်ဗျ။ သိပ်ပျော်တာပဲ။
ဦးရော်နီညိမ်း ။ ။ အန်ကယ်။ ကျနော်ထပ်သိချင်တာက၊ ၁၉၅၇ခုနှစ်မှာ အန်ကယ်ကိုယ်တိုင် ဗိုလ်သင်တန်းကျောင်း အုပ်ကြီး ဖြစ်တယ်။ အဲဒီတုံးက အန်ကယ် အသက်(၃၀)ပဲ ရှိသေးတယ်။ အဲဒီတော့ အန်ကယ်ကိုယ်တိုင် ဒုဗိုလ်မှူးကြီး အနေနဲ့ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဖြစ်တဲ့အချိန်မှာ၊ အန်ကယ် မွေးထုတ်မယ်ဆိုတဲ့ ဗိုလ်သင်တန်း အပတ်စဉ်တွေ အပေါ်မှာရော၊ အန်ကယ် ဘယ်လို စေတနာမျိုး၊ ဘယ်လို တိုင်းပြည်အတွက် ရည်ရွယ်ချက်မျိုး၊ အန်ကယ် ထားရှိခဲ့ပါ သလဲ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ အရာရှိတွေဟာ၊ သူတို့ရဲ့မူလတာဝန်ဖြစ်တဲ့ စစ်ပညာကို ကောင်းစွာသင်ပြီးတဲ့နောက် ကျနော်တို့ရဲ့ အမိနိုင်ငံတော်ကြီးရဲ့ အန္တရာယ် ရန်စွယ်မှန်သမျှကို၊ ဝန်ထမ်းကောင်းပီပီ တစ်ယေက်အနေနဲ့ တာဝန် ကျေပွန်အောင် စစ်မြေပြင်မှာဖြစ်ဖြစ် စစ်မြေပြင်မဟုတ်တဲ့ နေရာမှာဖြစ်ဖြစ်ပေါ့လေ၊ ပြည်သူလူထုရဲ့ ကြည်ညိုမှုရ အောင်၊ နောက်ပြီးတော့ ပြည်သူနဲ့ဆက်ဆံတဲ့အခါမှာ တသားတည်းဖြစ်အောင်၊ အဲဒါတွေကို တတ်နိုင်သမျှ ပြောဟော ပြီးတော့ ပို့ချတာပဲဗျ။ နောက်တစ်ခုက “ပြည်သူသည် အမိ၊ ပြည်သူသည် အဖ”ဘဲဟာ။ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ က သိပ်ကြီးမားတယ် ဗျ။
ဦးရော်နီညိမ်း ။ ။ ၁၉၅၆ခုနှစ် ဖဆပလပါတီကြီး အကွဲအပြဲရဲ့နောက်ပိုင်း၊ ဆိုရှယ်လစ်ခေါင်းဆောင်တွေရဲ့ “တည်မြဲ ဖဆပလ” ရွေးကောက်ပွဲမှာ အနိုင်ရရေး၊ တပ်မှူးကြီးတွေရဲ့ကြိုးပမ်းခဲ့မှုမှာ သူကိုယ်တိုင် တပ်မှူးငယ်တစ်ဦးအနေနဲ့ တက်တက်ကြွကြွပါဝင်ခဲ့ပုံတွေ၊ အဲဒီအတွက် နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအကြောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးနဲ့ ဆက်သွယ်ဆွေးနွေးမေးမြန်းခဲ့တာတွေကို တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ၁၉၅၁ခုနှစ် ရွေးကောက်ပွဲ တို့၊ ၁၉၅၄ ခုနှစ်၊ ၁၉၅၅ ခုနှစ်ရွေးကောက်ပွဲတို့မှာ၊ War Office Council Order ပေါ့ ဗျာ။ အဲဒါနဲ့သေချာ ကြပ်ကြပ်မတ်မတ်၊ ထုတ်ထားတာ ရှိတယ်။ အဓိပ္ပါယ်ကတော့ဗျာ။ တပ်မ တော်သားတွေဟာ လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်။ လွတ်လွတ်လပ်လပ် ကိုယ်လိုလားတဲ့ပုဂ္ဂိုလ်ကို ထောက်ခံနိုင် တယ်၊ စသည်ဖြင့်၊ ဒါတွေကတော့ ရှိတယ်။ တပ်မတော်သားတွေဟာ၊ ပြည်သူလူထုရဲ့ကြားထဲမှာ၊ အင်မ တန်ကြည် ညိုဖွယ်ရာ ဖြစ်ခဲ့ပါတယ်ဗျာ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ဆိုရမှာ ပေါ့။ ဒါပေမယ့်လို့လည်း ဗျာ။ ၁၉၅၄ခုနှစ်တုံးက စပြီးတော့၊ ဘာပြောပြော၊ အထက်ကအမိန့်နဲ့ လုပ်ကိုင်ပေးရတဲ့ကိစ္စတွေကလည်း ရှိခဲ့တယ်။ အဲဒီ အခါမှာ၊ တပ်က ခုနက ရှိခဲ့တဲ့ အစဉ်အလာကောင်းကြီးကို ဖျက်ပြီးတော၊့ ဝင်ပြီးတော့ နိုင်ငံရေးအရ တစိပ်တပိုင်း၊ ပါကြတာတွေ ရှိခဲ့ တာက၊ စပြီး ပျက်တာပဲဗျ၊ အဲဒီတုံးကတော့ဖြင့်၊ တခါတည်း၊ ဟုတ်တယ်လိုလို မှန်တယ် လိုလို၊ ကောင်းသလိုလိုနဲ့ ပေါ့။ အဲဒါနဲ့၊ နောက်ဆုံးကျတော့ ဗျာ။ ဟို၊ ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲရောက် လာတာပေါ့ ဗျာ။ အာဏာရှိနေတဲ့ ပါတီကြီးကပေါ့ ဗျာ။ အာဏာရှိခဲ့ဘူးတဲ့ ခေါင်းဆောင်တွေထဲက ပေါ့ ဗျာ။ “နိုင်လည်းနိုင်ရမယ၊် ရှုံးလည်းနိုင်ရမယ်” ပေါ့။ ဒီလိုဟာတွေက ဖြစ်လာတယ် ခင်ဗျ။ ရွေးကောက်ပွဲနေ့ကျတော့၊ ကျနော်တို့ကလည်း သူရဲကောင်းကြီးတွေပေါ့ ဗျာ။ တခါထဲကို ခေါင်းဆောင်ပြီးတော့ ရှေ့ကနေပြီးတော့ မဲပုံးမှာ ကျနော်တို့က နေပြီးတော့၊ နီတယ် (တည်မြဲဖဆပလ အတွက် သတ်မှတ်ထားသော အနီရောင် မဲပုံး) ဆိုပြီးတော့၊ မဲတွေ ထည့်ပြလိုက်တယ်ဗျ။ အဲဒီမှာ တပ်ကရဲဘော်တွေ ဘာတွေရော၊ ကြံ့ခိုင်ရေး အသင်းထဲက လူတွေကလည်း၊ အကုန်လုံး အနယ်နယ်အလိုက် ဝါတယ် (သန့်ရှင်းဖဆပလ အတွက် သတ်မှတ်ထားသော အဝါရောင် မဲပုံး) ဆိုပြီးတော့ အကုန် ထည့်သွားတယ် ဗျာ။ အဲဒီတော့၊ ဘာပြလိုက်လဲ ဆိုတော့၊ တဘက်က ပြောတဲ့ဥစ္စာက၊ လမ်း နှစ်သွယ်ဘဲ။ ရွေးပါ။ တစ်သွယ်က အာဏာရှင်လမ်းစဉ်။ တဘက်က တော့၊ ပြည်သူလူထုဆန္ဒနဲ့တင်တဲ့ ပါလီမန်ဒီမိုကရေစီလမ်းစဉ်။ လမ်းခွရောက်နေပြီ။ အဲဒါကြောင့်မို့လို၊ ပြည်သူပြည် သားပေးမဲ့ ပုဂ္ဂိုလ်တွေရဲ့မဲဆန္ဒက အသဲကြားက မဲတစ်ပြား။ ဘယ်သူ့ပေးမလဲဆိုတဲ့ တစ်ခွန်းပဲပြောတယ်။ အဲဒီအခါ မှာ ကြံ့ခိုင်ရေးအသင်းကလူတွေကလည်း၊ သူတို့ရဲ့ဂုဏ်သိက္ခာကို သူတို့ပြန်ပြီးတော့ ဆည်တဲ့အနေနဲ့ သူတို့ကိုယ်တိုင် ကပင်လျှင် ဦးနုကို ဝါတယ် ဆိုပြီး၊ ထည့်သွားဘူးတာရှိတယ်ဗျ။ ဒါဟာ၊ ဒီမိုကရေစီကိုရွေးတယ် ဆိုပြီးတော့၊ ရဲရဲဝံ့ဝံ့ လုပ်သွားတဲ့အတွက်၊ အဲ့ဒီတုန်းက၊ ကြံ့ခိုင်ရေးအသင်းရဲ့ဆောင်ရွက်မှုဟာ၊ သမိုင်းမှာ ပြတ်ပြတ်သားသား ပြောင်ခဲ့ တယ် ဗျာ။ တပ်မတော်သားတွေကလည်းပဲ မှန်မှန်ကန်ကန်ပဲ သူတို့ရဲ့အသဲကြားထဲက မဲတစ်ပြားကို၊ လွတ်လွတ်လပ် လပ်ပေးပိုင်ခွင့်ရှိခဲ့တာကို၊ မှန်မှန်ကန်ကန် အသုံးချပေးလိုက်တယ်၊ ဆိုတဲ့အခါကျတော့၊ ပြည်သူလူထုကလည်း မှန်မှန် ကန်ကန်ပေးလိုက်တဲ့ အခါကျတော့၊ ဦးနုက ပုံအောပြီး၊ အပြည့်ရသွားတာပေါ့ ဗျာ။
ဦးရော်နီညိမ်း ။ ။ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ စစ်အာဏာသိမ်းတဲ့အခါကျတော့၊ အန်ကယ်က အဲဒီ အချိန် မှာ မော်လမြိုင်မှာ ဒုတိုင်းမှူး ပေါ့နော်။ ရတခ (အရှေ့တောင်တိုင်း စစ်ဌာနချုပ်)။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကျနော် ပြောပြဦးမယ်၊ ဒီလို။ အာဏာသိမ်းတဲ့ ကိစ္စ က၊ ကျနော်က ကြိုသိတယ်လေ။ အမှန်အတိုင်းပြောရရင်၊ ကျနော့်ကို ပြောတယ်လေ။ ဒီလိုပါ။ ရတခမှာ၊ ဗိုလ်မှူးကြီး သောင်းကြည်က တိုင်းမှူး။ အဲ၊ သူက ရန်ကုန် ခဏခဏဆင်းတယ်။ ဦးနေဝင်း၊ ဗိုလ်ချုပ်ကိုမေးခဲ့တယ်။ အာဏာသိမ်း မယ့်ကိစ္စ၊ တင်ဦးလေးကို ပြောပြလိုက်ရမလားလို့၊ မေးခဲ့တယ်တဲ့။ မေးခဲ့တော့၊ ဦးနေဝင်းက “ပြောလိုက်၊ ဒီကောင် လေးကို ပြောလိုက်” လို့ ဆိုပြီးတော့၊ ကျနော့်ကို ပြောခိုင်းလိုက်တယ်။ အဲ့ဒီ မတ်လ(၂)ရက်နေ့မတိုင်ခင်၊ တစ်ပတ် လောက်မှာ၊ အဲ့ဒီလို ကျနော့်ကို ပြောတယ်။ နောက်တစ်ခေါက်၊ သူ ရန်ကုန် ဆင်းတယ်။ ဆင်းပြီးတော့ ပြန်လာတယ်။ ပြန်လာတော့၊ အဲဒီမှာ Code Name ပေးလိုက်တယ်။ “ရောင်ခြည် သန်းပြီ”ဆိုတဲ့ Code Name ပေးတယ်။ Code Name ပေးပြီးတော့၊ “အဲဒီနေ့ညမှာ (၁၉၆၂ မတ်လ(၁)ရက်နေ့ည၊ မတ်လ(၂)နေ့ ရက် အကူး) “ရောင်ခြည်သန်းပြီလို့ ကျနော့်ကို ပြောတော့၊ အဲဒီမှာ အားလုံးကို၊ နယ်ဘက် အရာရှိတွေဘာတွေ အားလုံးကို၊ ထိန်းသိမ်းထားလိုက်တယ်ပေါ့ ဗျာ။ အဲဒီလို ဖြစ်သွားပြီးတော့၊ အဲဒီမကြာခင်မှာဘ၊ဲ ကျနော်က အဲဒီကနေပြီးတော့မှ အနောက်တောင်တိုင်းကို ပြောင်း ရတာ။
ဦးရော်နီညိမ်း ။ ။ အဲဒီအချိန်ကတော့ ပေါ့။ ၁၉၆၂ ခုနှစ် မတ်လ(၂) ရက်နေ့မှာ၊ စစ်အာဏာသိမ်းတော့၊ အဲ့ဒီအချိန် တုန်းက၊ အဲ့ဒီအချိန်တုံးက နော်။ အန်ကယ် မှန်တယ်လို့ ထင်ခဲ့သလား ခင်ဗျ။
ဗိုလ်ချုပ်ကြီးတင်ဦး ။ ။ ဟာ၊ ဒီတုံးကတော့ ဗျာ။ ကျနော်တို့က commander (တပ်မှူး) ကိုးဗျ။ commander ဆို တော့ကာ၊ ဒီလို စစ်တပ်ကနေပြီးတော့၊ ကျနော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ်ကြီးက အာဏာသိမ်းတယ် ဆိုတဲ့အခါကျ တော့၊ အောက်မှာရှိတဲ့ commander တစ်ယောက်အနေနဲ့တော့ တက်တက်ကြွကြွတော့ ဖြစ်တာပေါ့ ဗျာ။ politically (နိုင်ငံရေးအရ) ကျနော်တို့ကနေ၊ ရှေ့လျှောက်ပြီး မြင်တာပြုတာသိတာမှ မဟုတ်ဘဲ။ ဒါ၊ ရိုးရိုးသားသား ပြောတာပဲ လေ။ တို့တော့ ဒီသမိုင်းတကွေ့မှာပေ့ါလေ။ ဒီအရင်တုံးက၊ လွတ်လပ်ရေးသည် ပထမ။ လွတ်လပ်ရေးသည် ဒုတိယ။ လွတ်လပ်ရေးသည် တတိယ။ နောက်တစ်ခါ၊ လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ် ရေးသည် တတိယ၊။ ဟာ၊ ဒီလိုဆိုတော့၊ ဒီခေတ်တော့ ရောက်လာပြန်ပြီ။ ဒို့တွေ ပခုံးထမ်းတင်ပြီး ကြိုးစားလိုက်ကြစို့ရဲ့ဆိုတဲ့အနေနဲ့ တက်တက်ကြွကြွတော့ရှိခဲ့တာပေါ့ ဗျာ။ ဖြစ်ခဲ့တာပေါ့။ ဒါကြောင့် မို့လည်းဘဲ၊ ပခုံးထမ်းပြီး ကျုံးကျက် လုပ်ကြတာပေါ့ဗျာ။ ဆရာသမားတွေကလည်း၊ ထိပ်မှာအပေါ် မှာရှိနေကြတော့၊ သူတို့ရဲ့အပြောအဆိုတွေ ဘာတွေကို လည်း၊ ကြားနာနေရတဲ့အခါကျတော့၊ ဒါ၊ မှန်တယ်၊ ဟုတ်တယ်၊ ဆိုပြီး အဲဒီလို ဖြစ်တယ်။ နောက်ပြီးတော့ (Federal) ကိစ္စတို့၊ ဘာတို့ဆိုတာလည်းဘဲ၊ ဟိုတုန်းက ကျနော်တို့ကို တိုင်းပြည် အစိပ်စိပ်အမွှာမွှာကွဲမယ် ဆိုတဲ့ အတွေးအခေါ် တွေက ရိုက်သွင်းထားသလို ဖြစ်တော့၊ ဒါ၊ ကိုယ်ပါဝင်ခဲ့တဲ့ တိုင်းပြည်အတွက်၊ အကျိုးရှိရာရှိကြောင်းလုပ်ဘို့၊ ပါတယ် လို့၊ ဒီလို၊ သဘောပေါက်ခဲ့တာပေါ့။ နောက်ပိုင်းမှ၊ တဖြည်းဖြည်းတဖြည်းဖြည်း၊ ဟို ဂျော့(ချ်)အော်ဝဲ(လ်) (George Orwell) ရေးတဲ့၊ Animal Farm (အာဏာရှင်စနစ်အကြောင်း၊ တိရိစ္ဆာန်တို့ကမ္ဘာ နှင့် သရုပ်ဖေါ်ရေးသားခဲ့သည့်၊ အင်္ဂ လိပ်ခေတ် မြန်မာနိုင်ငံမှာ ရဲ အရာရှိကြီးဖြစ်ခဲ့သူ၊ အင်္ဂလိပ်စာရေးဆရာကြီး George Orwellရေးသားခဲ့သည့် ကမ္ဘာ ကျော် စာအုပ်။ သခင်ဗသောင်း ဘာသာပြန် “ခြေလေးချောင်းတိုင်းပြည်”) ဖတ်ပြီးတော့မှ သဘောပေါက်တယ် ဗျ။ ဟို ဆို(လ်)ဇင်နစ်ဇင် (ဆိုဗီယက်ယူနီယံအချိန်က၊ ကွန်မြူနစ်အာဏာရှင်စနစ် သရုပ်ဖေါ်စာအုပ်များနှင့် ကိုယ်တွေ့ ရုရှ နိုင်ငံမှ အဓမ္မလုပ်အားပေးအကျဉ်းစခန်းအကြောင်း၊ ကမ္ဘာကျော် The Gulag Archipelago ၊ “ဂူလပ်ကျွန်းစု”စာအုပ် ကို ရေးသားခဲ့သည့်၊ ၁၉၇၀ စာပေ နိုဘယ်(လ်)ဆုရှင် ရုရှစာရေးဆရာကြီး အလက်ဇန္ဒား ဆို(လ်)ဇင်နစ်ဇင် Alexander Solzhenitsyn) ရေးတဲ့၊ တော်တော်များများ စာအုပ်တွေ ဖတ်ဖူးတော့မှ၊ ဒီတော့မှ “သြော် ငါဟာ ချိုကား ကြီးပါလား” ဆိုတာ၊ သဘောပေါက်သွားတယ်ပေါ့ဗျ၊ နော်။
ဦးရော်နီညိမ်း ။ ။(၆၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် “တပ်မှူးတပ် သား ပြောစကား” ကဏ္ဍမှာ ထုတ်လွှင့်ပြီးခဲ့သမျှတွေထဲက ကောင်းနိုးရာရာတွေကို ပြန်လည်ကောက်နှုတ် တင်ဆက် လိုက်တာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။