သမ္မတအိုဘားမားရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ စတင်ခဲ့ရာမှာ အစပျိုးထားတွေ အဆုံးသတ်ဖို့ ခရီးဆက်ရမှာဖြစ်ကြောင်း သမ္မတက ပြောခဲ့ပါတယ်။ ဒါ့အပြင် ပို့ကုန်လုပ်ငန်းတွေ တိုးပွားလာမှု၊ သူ့ရဲ့သမ္မတသက်တမ်းအတွင်း အလုပ်အကိုင်သစ် ၄ သန်းကျော် ဖန်တီးနိုင်ခဲ့မှု၊ အခု ၆ လအတွင်းမှာ အလုပ်အကိုင် ၁ သန်းကျော် ဖန်တီးပေးခဲ့ကြောင်းတွေကို မဲဆွယ်စည်းရုံးပွဲတွေမှာ လူထုကို ပြောခဲ့ကြောင်း ဒီတပတ်ရဲ့ အမေရိကန်နိုင်ငံရေးအဖြစ် ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။