ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ကွန်ယက်

High angle view of a young woman using laptop while sitting on sofa

ကမ္ဘာ့လူဦးရေသန်းပေါင်း ၇ထောင်လောက်ရှိတဲ့ထဲက လာမယ့် နှစ်ဆန်းမှာ အနဲဆုံးသန်းပေါင်း ၂ထောင်လောက်ဟာ ကွန်ပြုတာ အင်တာနက်ကို သုံးစွဲကြမယ်လို့ ခန့်မှန်းကြပါတယ်။ ဒီအထဲက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခု 21%လောက်သာသုံးစွဲနေရာက အသစ်စပြီး သုံးစွဲမယ့်သူတွေ တိုးလာမှာမို့ World Wide Web လို့ခေါ်တဲ့ အဖွဲ့ကြီးက ကမ္ဘာ့နိုင်ငံတွေအတွက် ကွန်ပြူတာသုံးစွဲမှှု ပိုမို လျှင်မြန်ပြီး လွယ်ကူစေဖို့ ကြံဆနေပါတယ်။

World Wide Web ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဗြိတိသျှ ကွန်ပြူတာ သိပ္ပံပညာရှင် Tim Berners- Lee က စတင် တည်ထောင်ခဲ့ပါတယ်။ ကွန်ပြူတာ ဝက်ဘ် စာမျက်နှာတွေကို လူအတော် များများသွားရောက်ပြီး ဖွင့်ဝင် နိုင်ကြပေမယ့် အများကတော့ စာမတတ်ကြတာကြောင့် အသုံးမပြုနိုင် ကြဘူးလို့ World Wide Web အဖွဲ့က ပြောပါတယ်။

Tim Berners- Lee ဟာ ၁၉၈၉ခုနှစ်ကတဲက World Wide Web လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ကို ထူထောင်ကြဖို့ အကြံပြုခဲ့သူဖြစ်ပါတယ်။ ဒါဟာ အခု အင်တာနက်လို့ အများသိကြတဲ့ ကွန်ယက်ရဲ့ ပထမဆုံး ပုံစံကို အမေရိကန်နိုင်ငံသားတွေ တီထွင်ခဲ့ ပြီးတဲ့နောက် နှစ်ပေါင်း ၂၀ လောက်ကြာမှာ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်ဆိုတာက ကွန်ယက်တွေကို ဆက်သွယ်ထားတဲ့ ကွန်ယက်ကြီးပါ။ သန်းနဲ့ချီတဲ့ ကွန်ပြူတာ သုံးစွဲသူတွေဟာ အင်တာနက်က တဆင့် တယောက်နဲ့ တယောက် ဆက်သွယ် နိုင်ပါတယ်။ ဒီလို ဆက်သွယ်ရာမှာ ဝက်ဘ်စာမျက်နှာဟာ အဓိကက္ဌ ကနေ နေရာယူ ထားပါတယ်။ အခုအခါမှာတော့ ဒီလိုဆက်သွယ်တာတွေဟာ ဝက်ဘ် စာမျက်နှာပေါ် အခြေခံ မနေတော့ ပဲ လူမှုရေး ကွန်ယက်တွေ၊ နောက် iPhone လို လက်ကိုင်ဖုံးတွေနဲ့ သုံးစွဲလာကြပြီ ဖြစ်ပါတယ်။

World Wide Web ကိုဖန်တီးခဲ့သူ Tim Berners- Lee ကတော့ သူဟာ လူထုကြား အချင်ချင်း အဆက်အသွယ် လုပ်တဲ့နေရာမှာ အကူညီတွေပေးနိုင်ဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာလို့ပြောပါတယ်။သူဟာ အစပိုင်းမှာ ဝက်ဘ်စာမျက်နှာတွေကို ဖန်တီးပေးနိုင်တဲ့ Hypertext Markup Language လို့ခေါ်တဲ့ HTML ကို တီထွင်ခဲ့သလို Hypertext Transfer Protocol လို့ခေါ်တဲ့ HTTP ဝက်ဘ်လိပ်စာတွေကို ဖန်တီး နိုင်အောင်လည်း လုပ်ဆောင်ပေးခဲ့ပါတယ်။

သူတို့ဟာ Web Science Trust လို့ခေါ်တဲ့ သိပ္ပံဆိုင်ရာအဖွဲ့နဲ့ ပူးပေါင်းပြီး ဝက်ဘ် အသုံးပြုသူတွေ ပိုပြီး လွယ်လွယ်ကူကူ သုံးနိုင်ဖို့အပြင် လက်ကိုင်ဖုံး နည်းပညာ တိုးတက်လာအောင်လည်း လုပ်ဆောင် နေကြ ပါတယ်။