ကယ်လီဖိုးနီးယား ကောလိပ်ကျောင်း ပစ်ခတ်မှု ၇ ဦးသေဆုံး

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ကောလိပ်ကျောင်း တခုမှာ ကျောင်းသားဟောင်း တဦးရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူပေါင်းခုနစ်ဦး သေဆုံးခဲ့ရပြီး နောက်ထပ်သုံးဦးလည်း ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အော်ကလန်မြို့က ကိုးရီးယား အမေရိကန် ခရစ်ယာန်ကျောင်း တစ်ခုမှာ တနင်္လာနေ့က ပစ်ခတ်ခဲ့တဲ့ အသက်(၄၃)နှစ် အရွယ် ကိုးရီးယားနိုင်ငံသား ကျောင်းသားဟောင်း ဟာ ဖြစ်ဖြစ်ခြင်း ပြီးပြီးခြင်းပဲ အဖမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

မျက်မြင် သက်သေတွေ ပြောတာကလည်း ဒီသေနတ်သမားဟာ အိုကီးစ်ကောလိပ်ကျောင်းရဲ့ ဧည့်ခန်းထဲက စားပွဲမှာပဲ တစ်ဦးကို ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။