ထိန်းသိမ်းခံ ပြည်နယ်အကြီးအကဲတချို့ရဲ့ အခြေအနေ

မှတ်တမ်းဓါတ်ပုံ- ၂၀၁၆ မေလတုန်းက ကချင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ မှာကြားစဉ် (MOI)

[Zawgyi/Unicode]

မြန်မာ့တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ်အသီးသီးက အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်အကြီးအကဲတွေ ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ တချို့ကို အကျဉ်းထောင်ထဲ ပို့ဆောင်နေသလို တချို့ကိုပြန်လည်လွှတ်ပေးနေပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ လွှတ်တော်အကြီးအကဲတွေကို ဒီရက်တွေမှာ ထောင်ထဲအကျဉ်းချ အမှုဖွင့်တာရှိနေသလို တချို့ကိုတော့ပြန်လည်လွှတ်ပေးနေတာပါ။

အစိုးရဝန်ကြီးအိမ်ယာမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့လွှတ်တော်အကြီးအကဲတွေကို မနေ့က မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီးလို့ မြစ်ကြီးနားမြို့ အကျိုးဆောင်ရှေ့နေ တဦးကပြောပါတယ်။

“လောလောဆယ် သူတို့ကိုထောင်ကြီး ပို့ထားတယ်။ သူတို့ကို အမှုဖွင့်ထားတယ်ပေါ့ဗျာ။ တချို့ဝန်ကြီးတွေတော့ ဘေးစီပေါ့။ ဘေးစီပုဒ်မ ၂၅ ပေါ့။ တချို့သူတွေကိုလည်း ပို့သွင်းတို့၊ ဘာတို့ ပို့သွင်း ၈ တို့နဲ့ စွဲထားတယ်လို့ သိရတယ်။ ထောာင်ထဲမှာတော့ အကုန်လုံးနီးပါးဘဲနော် လွှတ်တော်ဥက္ကဋ္ဌတို့၊ ဝန်ကြီးချုပ်ရော တခြားဝန်ကြီးတွေရော ပြီးရင်လွှတ်တော်ကိုယ်စားလှယ်တွေရောပေါ့လေ။ ဦးရေဆိုရင် ၇ ယောက်လောက်တော့ရှိမယ်ဗျ။”

ထောင်တွင်း အကျဉ်းချခံရသူတွေနဲ့ တွေ့ခွင့်မရဘူးလို့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။

“သူတို့ကို စပြီးဖမ်းတဲ့နေ့က တပ်က ချုပ်ထားတာကိုး။ အခုက ထောင်ကြီးပို့လိုက်တယ်လို့တော့ကြားရတာ။ ဘာကြောင့် ပို့ရတာ ဘာမှလဲ ရေရေရာရာမသိရဘူး။ အဲဒီတော့ ထောင်ကြီးမှာတွေ့မယ်ဆိုတော့လည်း COVID ကိုအကြောင်းပြပြီး တွေ့ခွင့်မပေးဘူး။”

လက်ရှိမှာ ကချင်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးဇော်ဝင်းဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာစစ်ဆေးခံနေရဆဲလို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမုန်မန်လက ဆိုပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အစိုးရအဖွဲ့တွေထဲက ဝန်ကြီးချုပ်ဦးညီပုကို ဒီကနေ့မှာ ရုံးထုတ်ကြားနာခဲ့ပါတယ်။ ဒီအခြေအနေကို ဦးညီပုရဲ့ရှေ့နေ ဦးငြိမ်းချမ်းက အခုလိုပြောပါတယ်။

SEE ALSO: စစ်ကောင်စီခန့် ကုလအမြဲတန်းကိုယ်စားလှယ် ဦးတင်မောင်နိုင် ရာထူးကနုတ်ထွက်မည် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)

“ဒီနေ့ ကျနော်တို့ ဦးညီပုကို ရုံးထုတ်တယ်ဆိုတာပဲ... ကျနော်တို့ ဗွီဒီယိုနဲ့ ကြားနာနေတယ်လို့ ပြောရမှာပေါ့နော်။ နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ ဒီနေ့မှာ မှုခင်းစီမံခန့်ခွဲမှုတွေလုပ်တယ်ပေါ့နော် တရားရုံးက။ မှုခင်း စီမံခန့်ခွဲမှုဆိုတာက ကျနော်တို့ ဒီအမှုကို ဒီနေ့မှာ ဘာလုပ်မယ် ဒီနေ့မှာ ဘာလုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့။ အဲဒါမျိုး ကျနော်တို့ တရားလိုဘက်က လူတွေနဲ့ စွပ်စွဲခံရတဲ့လူတွေဘက်က လုပ်တာပေါ့နော်။ အခုလောလောဆယ်တော့ ဒီအမှုကို ၆ လအတွင်း တရားစစ်စဉ်အတွင်းမှာ ကျနော်တို့ ဒီအမှုက အပြတ်ဖြတ်မယ်ပေါ့နော် အဲဒီလိုမျိုးပေါ့။ တရားစစ်ဆေးသွားမယ်ဆိုပြီးတော့ ကျနော်တို့ သဘောတူညီမှု ရတယ်။ ဦးညီပုအခြေအနေကတော့ ကျနော် ဗွီဒီယိုနဲ့ တွေ့ရသလောက်ကတော့ ကျန်းကျန်းမာမာရှိပါတယ်။ ရုံးချိန်းကိုတော့ ၁၇၊ ၃၊ ၂၀၂၁ ရက်နေ့ကို ဆက်ပြီးတော့ချိန်းဆိုထားလိုက်တယ်လို့ ပြောတယ်။”

ကရင်ပြည်နယ်ဘက်မှာလည်း ဖမ်းဆီးထိန်းသိမ်းခံရသူတွေ ပြန်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးတင်မျိုးဦးက ဆိုပါတယ်။

“အထိန်းသိမ်းခံရတဲ့ ဝန်ကြီးက အခုလက်ရှိမှာ လူမှှုရေးဝန်ကြီးစောဘိုဘိုဝေမောင်ပါလိမ့်မယ်။ ဆရာဝန်ကြီးဦးသန်းနိုင် ပါလိမ့်မယ်။ နောက် ကျနော်တို့ ဝန်ကြီးချုပ်ပေါ့။ လက်ရှိသူတို့ ဘယ်လိုကိုင်တွယ်နေမှန်းတောင် ကျနော်တို့ အဆက်သွယ်တွေမရကြဘူး... ကောင်းကောင်း။”

ဒါပေမဲ့ ချင်းပြည်နယ်ဘက်မှာတော့ အစိုးရဝန်ကြီးအိမ်ယာမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြီးအကဲတွေကို မနေ့က ပြန်လွှတ်ပေးလို့ အိမ်ကိုပြန်နေကြပြီးလို့ ပြန်လည်လွတ်မြောက်လာသူ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအားက ဗွီအိုအေကိုပြောပါတယ်။

“အေးပြန်ရောက်တာ။ အားလုံး အိမ်ပြန်ရောက်ကြမှာပါ။ သွားနေတုန်းပါ။ မနေ့က ၂ နာရီကျော်မှာ။ ချင်းပြည်နယ်အစိုးရ အဖွဲ့အားလုံး။ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌပါတယ်။”

အထိန်းသိမ်းခံရစဉ်အတွင်း မိသားစုအိမ်သားတွေနဲ့ ဆက်သွယ်ခွင့်မရဘူးလို့လည်း ဝန်ကြီးဦးဖွေအားက ဆက်ပြောပါတယ်။

“နည်းနည်းတော့ မေးမြန်းတာလေးတွေ ရှိတာပေါ့။ ဖုန်းကိုမကိုင်ရတာ။ ဖုန်းကို သိမ်းထားတာ။ အဲဒီအတွင်းကတော့ မရဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရတာမှာ နှစ် ကြိမ် ပြန်ဖမ်းခံရသူတွေလည်း ရှိနေတာပါ။

တပ်မတော်ကနေ အာဏာထိန်းသိမ်းလိုက်တဲ့ လုပ်ဆောင်ချက်အပေါ် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိလာပြီး ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။

Your browser doesn’t support HTML5

ထိန်းသိမ်းခံ ပြည်နယ်အကြီးအကဲတချို့ရဲ့ အခြေအနေ

[Unicode Version]






SEE ALSO: ကမ္ဘာတဝှမ်း ဒီမိုကရေစီ နဲ့ လွတ်လပ်မှု ဆုတ်ယုတ်ခဲ့တဲ့ ၁၅ နှစ်တာကာလ(၁၉၉၅-၂၀၂၀)









“အေးပွနျရောကျတာ။ အားလုံး အိမျပွနျရောကျကွမှာပါ။ သှားနတေုနျးပါ။ မနေ့က ၂ နာရီကြောျမှာ။ ခငြျးပွညျနယျအစိုးရ အဖှဲ့အားလုံး။ လှှတျတောျဥက်ကဋ်ဌ၊ ဒုဥက်ကဋ်ဌပါတယျ။”



