ကန်-တရုတ် ကုန်သွယ်ရေး ပြဿနာ ကန်ဝန်ကြီးအကောင်းမြင်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin

အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားနေတာကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်လိမ့်မယ်ဆိုတဲ့ သတိ ပေးချက်တွေကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin က စနေနေ့မှာ ပယ်ချလိုက်ပါတယ်။ တရုတ်နိုင်ငံကို ပိုပြီးတော့ ဖွင့်ပေးအောင် တွန်းအားပေးတာက အားလုံးအတွက် ကောင်းလာမယ့်ကိစ္စဖြစ်တယ်လို့ ဝန်ကြီး Mnuchin ကဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွား ထိပ်တိုက်ဖြစ်တဲ့အခြေအနေကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို ထိခိုက်လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ဒီသီတင်း ပတ်လုပ်တဲ့ နှစ်ပတ်လည်အစည်းအဝေးအတွင်း သတိပေးထားတာပါ။ ဒီနှစ်နဲ့နောက်နှစ် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျော့ကျ လိမ့်မယ်လို့လည်း IMF က ခန့်မှန်းထားပါတယ်။

ဒါပေမဲ့လည်း ဝန်ကြီး Mnuchin ကတော့ တရုတ်အနေနဲ့ ပိုပြီးတော့မျှတတဲ့ ကုန်သွယ်ရေးလုပ်နည်း တွေကို ချမှတ်လုပ်ဆောင်ဖို့ တွန်းတဲ့အနေနဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က တရုတ်အပေါ် ကုန်သွယ်ခွန်တွေ ချမှတ်တာကနေ ဆန့်ကျင်ဘက် အကျိုး သက်ရောက်မှုဖြစ်လာမယ်လို့ ဘာလီကျွန်း အစည်းအဝေးမှာ သတင်းထောက်တွေကိုပြောပါတယ်။

၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွက် ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်တန်ဘိုး GDP ဖွံ့ဖြိုးတိုးတက်မှု အလားအလာကို IMF က အင်္ဂါနေ့ မှာ ဝ.၂% လျှော့ချပြီး ၃.၇% ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုအကြားဖြစ်တဲ့ ပဋိပက္ခကြောင့် “လူတိုင်း ခံစားကြရလိမ့်မယ်” လို့ IMF ကပြောပါတယ်။

Your browser doesn’t support HTML5

ကန်-တရုတ် ကုန်သွယ်ရေး ပြဿနာ ကန်ဝန်ကြီးအကောင်းမြင်