ဥရောပသမဂ္ဂ EU ထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်နိုင်ရေး Brexit အတွက် သဘောတူ ညီချက် မရနိုင်ဖြစ်နေ ချိန်မှာ အမေရိကန်သမ္မတ Trump ကတော့ သီးခြားရပ်တည်မယ့် ဗြိတိန်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘော တူညီချက်တွေ ရေးထိုးဖို့ ဆန္ဒစောနေတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
EU ထဲကနေ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး သဘောတူညီချက်ကို ဗြိတိန်လွှတ်တော်မှာ သောကြာနေ့တုန်းက တတိယအကြိမ်ပယ်ချခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဗြိတိန် EU ထဲက ထွက်လာရင် အမေရိကန်က လက်ခံဖို့ အဆင်သင့်စောင့်နေတဲ့အကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Theresa May ကြုံနေရတဲ့ အကျပ်အတည်းကို သမ္မတ Trump က စာနာကြောင်း Bolton က ပြောပါတယ်။ တချိန်တည်းမှာပဲ လွှတ်တော်က တတိယအကြိမ် ပယ်ချလိုက်တဲ့အပေါ် မကျေနပ်သူ Brexit ကို ထောက်ခံသူတွေက လန်ဒန်မြို့တော် လမ်းမပေါ် ထွက်ပြီး ဆန္ဒပြနေကြပါတယ်။ ဗြိတိန်လွှတ်တော်ထဲမှာလည်း Brexit ကို အောင်အောင်မြင်မြင်လုပ်ဆောင်ဖို့ နည်းလမ်းမရှာနိုင်တဲ့ ဝန်ကြီးချုပ် May ရာထူးကနေ နုတ်ထွက်ပေးဖို့ အတိုက်အခံခေါင်းဆောင် Jeremy Corbyn က တောင်းဆိုထားတာပါ။
Your browser doesn’t support HTML5