Air Bagan လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ သတင်း အချက်အလက်တွေကို လေ့လာနိုင်တဲ့ လေယာဉ်ပျံသန်းမှု ခရီးစဉ်မှတ်တမ်း Black Box ကို စင်္ကာပူနိုင်ငံကို ပို့ပြီး စုံစမ်းမှုတွေ လုပ်ပြီးတဲ့အခါမှသာ လေယာဉ် ဘာကြောင့် ပျက်ကြသလဲ ဆိုတာကို သိနိုင်မယ်လို့ Air Bagan တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်ပျံသန်းတဲ့ Air Bagan လေယာဉ်ဟာ ဟဲဟိုးလေဆိပ်အဆင်းမှာ ပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီးတော့ အဲပုဂံတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ပြုလုပ်ခဲ့တာပါ။ အဲဒီသတင်းစာရှင်းလင်းပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။
အခုလို Air Bagan ပိုင် လေယာဉ်ပျက်ကျခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ လေယာဉ်ပျံသန်းမှု ခရီးစဉ်မှတ်တမ်း Black Box ကို ယူပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဘာကြောင့် လေယာဉ်ပျက်ကျတယ် ဆိုတာကို ပြောနိုင်မှာ ဖြစ်တယ်လို့ Air Bagan လေကြောင်းလိုင်း မန်နေဂျင်းဒါရိုက်တာ ဦးထူးထက်ထွေးက ပြောပါတယ်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားပြီးဖြစ်ပါတယ်ခင်ဗျာ။ မတော်တဆဖြစ်မှုအတွက်၊ အဲ့ဒီ့မှာ မတော်တဆဖြစ်မှုဖြစ်စဉ်ကိစ္စကို အဖွဲ့အစည်းအနေနဲ့ စိစစ်သွားမှာဖြစ်ပါတယ်။ လေယာဉ်က Black Box ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေပြီးတော့ စင်ကာပူနိုင်ငံမှာ အဓိက အကြောင်းအရင်းကို အဖြေရှာမှာဖြစ်ပါတယ်။"
အခုလိုလေယာဉ်ပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပေါ်ပါလာတဲ့ ဧည့်လမ်းညွှန် အမျိုးသမီး မနွယ်ဝင်းရှိန် သေဆုံးခဲ့ပြီးတော့ လေယာဉ်ပျက်ကျစဉ် လမ်းမပေါ် မှာ ဆိုင်ကယ်စီးနေတဲ့ အမျိုးသား ဦးပြားလည်း သေဆုံးခဲ့တယ် လို့ ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ Air bagan က တာဝန်ရှိသူတွေက ပြောဆိုပါတယ်။
လေယာဉ်ပျက်ကျစဉ်မှာ ဒဏ်ရာ ရရှိခဲ့သူ ၁၁ ဦး ကို တော့ ရန်ကုန် ပြည်သူဆေးရုံကြီးမှာ တင်ပို့ ထားပြီး အမေရိကန် နိုင်ငံသား ၂ဦး ကတော့ ဘန်ကောက်ပြန်လိုတယ်လို့ ခွင့်တောင်းတာကြောင့် Air Bagan ပိုင် ကိုယ်ပိုင်လေယာဉ်နဲ့ ဖြစ်ဖြစ်ချင်း ပြန်ပို့လိုက်ရတယ်လို့ ဦးထူးထက်ထွေးက ပြောပါတယ်။လေယာဉ်ပေါ် ပါလာတဲ့ ခရီးသည် အားလုံး ကို Air Bagan က ထောက်ပံမှု အနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၀၀နဲ့ မြန်မာငွေ ၃ သိန်းကိုလည်း ပေးအပ်ထားတယ်လို့ ဦးထူးထက်ထွေးက ပြောပါတယ်။
“လက်ရှိမှာ ကျနော်တို့ ဆက်လက်ဆောင်ရွက်ပေးနေတာကတော့ ခရီးသည်တွေ ပြည်တွင်းမှာ ခရီးသွားလာခွင့်၊ ယာယီခရီးသွားလာခွင့်ရရှိရေးအတွက်ကို လဝကနဲ့ ညှိနှိုင်းပြီးတော့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ နောက်ပြီး အခုလတ်တလော အခြေအနေမှာ သုံးစွဲနိုင်ဖို့အတွက် ခရီးသည်များအားလုံးအတွက်ကို အမေရိကန်ဒေါ်လာ ၂၀၀၀နဲ့ ကျပ်ငွေသုံးသိန်း ထုတ်ပေးထားပါတယ်။ နိုင်ငံခြားသားခရီးသည်များ ပြည်ပနိုင်ငံထွက်ခွာနိုင်ရေး၊ လေယာဉ်လက်မှတ်ကိစ္စကအစ ကျနော်တို့ ဝိုင်းဝန်းညှိနှိုင်း ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။”
သေဆုံးသူတွေကို လျော်ကြေးပေးတာတွေကိုတော့ Air Bagan လေယာဉ် နဲ့ အာမခံ လုပ်ထားတဲ့ အာမခံ ကုမ္မဏီ တွေက ပေးဆောင်သွားမှာဖြစ်တယ်လို့ လည်း Air Bagan လေကြောင်းလိုင်း ဒုတိယ မန်နေဂျင်းဒါရိုက်တာ ဦးအောင်စန်းကပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲ မှာ အဓိက ပြောသွားတာကတော့ လေယာဉ်ပျက် ကျခဲ့တဲ့ အကြောင်းအရင်းဟာ Black Box ကို စစ်ဆေးပြီးမှ သိရှိနိုင်မှာဖြစ်ပြီးတော့ လေယာဉ်ပျက် ကျတာနဲ့ ပတ်သက် ပြီး ဘာကြောင့် ဆို တာ အခု လက်ငင်းပြောနိုင်မှာ မဟုတ်ဘူးလို့ လည်း ထူး ကုမ္ပဏီက တာဝန်ရှိသူတွေကပြောပါတယ်။
လေယာဉ်ပျက်ကျစဉ် မှာ ခရီးသည် ကယ်ထုတ်ဖို့ စက္ကန့် ၉၀သာ ရရှိခဲ့ပြီး တော့ ခရီးသည်အားလုံး ကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ရတယ်လို့လေယာဉ်ပျက်စဉ်မှာ ပါလာတဲ့ Air Bagan လေယာဉ်အမှတ် (W-9011) ရဲ့ Chief Cabin Crew မခိုင်စုနိုင် က ဗွီအိုအေ ရဲ့မေးမြန်း မှု ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ လေ့ကျင့်သင်ကြားပေးမှုနဲ့အညီ International Standard နဲ့ အညီ ခရီးသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်ခဲ့ပါတယ်။ အဲ့တာ စက္ကန့် ကိုးဆယ်အတွင်းမှာ ခရီးသည်အကုန်လုံးကို ကျန်တဲ့ခရီးသည် တစ်ယောက်မှ မကျန်အောင် Crews တွေက ရှိသမျ ရတဲ့အပေါက်ကနေပြီးတော့ အကုန်လုံးကယ်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။ သင်လည်းသင်ထားပါတယ်။ စက္ကန့်ကိုးဆယ်အတွင်းကို ရအောင်ကယ်ထုတ်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ တံခါးက အရှေ့ဖက်အပေါက်နှစ်ပေါက်စလုံးမှာ ခရီးသည်တွေကိုခွဲပြီးတော့မှ ကယ်ထုတ်သွားတဲ့ အတွက်ကြောင့်မို့လို့ ရေတွက်တဲ့အခါမှာ လူပြည့်မပြည့်ကို ချက်ခြင်းမသိနိုင်ပါဘူး။ ပြီးတော့ ဟိုဖက်မှာ ရှိတဲ့ခရီးသည်တွေကို အုပ်စုလုပ်တယ်။ ကျမဖက်ခြမ်းမှာရှိတဲ့ခရီးသည်တွေကို အုပ်စုလုပ်တယ်။ ပြီးရင်သက်ဆိုင်ရာ တာဝန်ရှိတဲ့ လုံခြုံရေးကသူတွေ၊ ကိုယ့်ကို ကယ်မယ့် သူတွေကို စောင့်ပြီးတော့မှ ဟဲဟိုးလေဆိပ်ကို သွားတဲ့အချိန်မှာ ဆေးရုံကို သွားတဲ့သူတွေလည်း ရှိတဲ့အတွက် Head Count လူရေတွက်မှုမှာ ချက်ခြင်းမသိနိုင်ခဲ့ပါဘူး။
ရသလောက်တော့ အကုန်လုံး ရအောင်လည်း ကယ်နိုင်ခဲ့တယ်။ CA 2 အနေနဲ့ အနောက် Cabin မှာ ကယ်တဲ့သူပါ။ သူတောင် ထွက်လာနိုင်တယ်ဆိုတော့ အရှေ့က Cabin အထိတောင် မီးခိုးတွေပိတ်နေတယ်။ လုံးဝတောင် မမြင်ရပါဘူး။ သူ့ကိုတောင်မှ လက်ချောင်းလေးရယ် ယူနီဖောင်းအရောင်လေးရယ်ကြောင့် ဆွဲထုတ်နိုင်ခဲ့တာပါ။ ဒါတောင်မှ နောက်ဆုံး ရအောင် အော်နိုင်ခဲ့ပါတယ်။ ခရီးသည် အကုန်လုံး လေးဘက်ထောက်ပြီး ထွက်ခဲ့ပါဆိုပြီး အော်ခဲ့ပါတယ်။ Response တခွန်းမှ မထွက်ခဲ့တဲ့ကြောင့်မို့လို့ ခရီးသည်ကုန်ပြီလို့သတ်မှတ်ပြီးတော့ ဘယ်လိုမှ အထဲကိုပြန်ဝင်စစ်ဖို့ အခြေအနေ မပေးနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အကုန်လုံးပြေးထွက်လာခဲ့တာပါ။”
Air Bagan လေကြောင်းလိုင်းရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ထူးကုမ္ပဏီကိုပိုင်ဆိုင်သူကတော့ အရင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နီးစပ်တယ်လို့ နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဖြစ်ပါတယ်။