ဒီမိုကရေစီရေး ပြည်ပရောက်မြန်မာတွေရဲ့ အကူအညီ

Your browser doesn’t support HTML5

မြန်မာပြည်တွင်းစစ်ပဋိပက္ခတွေဟာ ကြာရှည်လာတာနှင့်အမျှ တိုးပွါးလာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီများစွာ လိုအပ်ချက်တွေရှိနေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာပြည်အလယ်ပိုင်း နှင့် ကရင်နီပြည်နယ်တို့မှာ သဘာဝဘေးအန္တရာယ် ရေကြီးမှုဒဏ်ကို အလူးအလဲခံစားခဲ့ကြရပါတယ်၊ အဲဒီအထဲမှာ စစ်ဘေးရှောင်တွေလည်းအများကြီးပါဝင်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာရောက် မြန်မာအဖွဲ့အစည်းတွေက ဘယ်လိုအကူအညီတွေပေးနေလဲဆိုတဲ့အကြောင်းကို ဟောင်ဆာက တင်ဆက်ထားပါတယ်။