ဂါဇာစစ် တနှစ်ပြည့် အစ္စရေးရောက် မြန်မာတွေ အခြေအနေ
Your browser doesn’t support HTML5
အစ္စရေးကို ဟာမတ်စ်စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတာ ဒီကနေ့ အောက်တိုဘာ ၇ ရက်နေ့ဆိုရင် ၁ နှစ်ပြည့်ပါပြီ။ ဒီလို တနှစ်တာကာလအတွင်း စစ်ပွဲတွေကြောင့် အစ္စရေးရောက် မြန်မာနိုင်ငံသားတချို့ နေရပ်ပြန်ပေမဲ့လည်း တချို့ကတော့ အစ္စရေးနိုင်ငံမှာ ဆက်ပြီး အခြေချ နေထိုင်နေကြပါတယ်။ ဘာကြောင့် ပြည်တော် မပြန်နိုင်တာပါလဲ။ အစ္စရေးနိုင်ငံတွင်း နေ့စဥ် နေထိုင်မှု ဘဝတွေ အပေါ် စစ်ပွဲတွေက ဘယ်လို ရိုက်ခတ်မှုရှိလဲဆိုတာနဲ့ ပတ်သတ်ပြီး Tel Aviv မှာ နေထိုင်တဲ့ Jacob Benjamin ကို ကိုအောင်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။