ဒီတပတ် အာရှစီးပွားရေး
ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ − မော်တော်ကားတွေမှာပါတဲ့ တရုတ်ရဲ့နည်းပညာပစ္စည်းတွေဟာ နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုပြီး − အမေရိကန်က တားမြစ်ဖို့လုပ်နေတာဟာ ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ တရုတ်နိုင်ငံက တုံ့ပြန်လိုက်တဲ့အကြောင်းနဲ့ ဈေးကွက်ထဲ ပြိုင်ဆိုင်မှုများပြီး ကုန်ကျစရိတ်တွေ တိုးလာတာကြောင့် လူသိများတဲ့ H&M အဝတ်ထည် ကုမ္ပဏီအနေနဲ့ ၂၀၂၄ အတွက် မှန်းထားတဲ့ အမြတ်ငွေပမာဏ မရနိုင်ပဲဖြစ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။