ဒါရိုက်တာဖေမောင်စိမ်း ထောင်ကလွတ်ပြီး သုံးရက်အကြာကွယ်လွန်

Your browser doesn’t support HTML5

မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ ကိုဖေမောင်စိမ်းဟာ ထောင်ကနေ လွတ်မိန့်ရပြီး ၃ ရက်အကြာ သြဂုတ် ၁၉ ရက်က ဆာကူရာဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ ကိုဖေမောင်စိမ်းရဲ့ ဈာပနကိုတော့ သြဂုတ် ၂၁ ရက် မနက် ၁၁ နာရီ ရန်ကုန်မြို့ ရေဝေးသုဿန် ခန်းမ (၁) မှာ ပြုလုပ်သွားမယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်စုစုဌေးက ဗွီအိုအေကို ပြောပါတယ်။