ရိုဟင်ဂျာတွေကိုအကာအကွယ်ပေးမယ့် ဥပဒေ
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ် အမေရိကန်လွှတ်တော်မှာ အတည်ပြုနိုင်ပြီဆိုရင် အမေရိကန်သံရုံး နဲ့ ကောင်စစ်ဝန်ရုံးတွေ အခြေစိုက်တဲ့နိုင်ငံတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေအတွက် ဥပဒေရေးရာအရ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးမှုအပါအဝင် စိတ်ချလုံခြုံတဲ့နေရာဖန်တီးပေးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီပေးရေးဆိုင်ရာ အချက်အလက်တွေ ထည့်သွင်းပေးထားဖို့ရှိတယ်လို့ ဒီဥပဒေပြဋ္ဌာန်းနိုင်ရေး ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ မဝေဝေနုက ဗွီအိုအေကိုပြောပါတယ်။ ဒီဥပဒေမှာ ထည့်သွင်းပါဝင်မယ့်အချက်တွေကို လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။