လောင်းလုံးကို စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများတိမ်းရှောင်
Your browser doesn’t support HTML5
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသခံတော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ စစ်ကောင်စီစစ်ကြောင်းမှာ စစ်မှုထမ်းအတွက် ခေါ်ယူထားတဲ့ လူငယ်တွေပါဝင်လာတာ တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။