BIMSTEC ဆွေးနွေးပွဲ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်
Your browser doesn’t support HTML5
မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ စတင်ကျင်းပနေပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ တက်ရောက်ပါတယ်။