ပြည်ပရောက်မီဒီယာတွေ နှိမ်နင်းမယ့် စစ်ကောင်စီအပေါ် သုံးသပ်သူအမြင်
ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ သတင်းမီဒီယာတွေကို ဘက်ပေါင်းစုံက ဖိနှိပ်ဖို့ ပြင်ဆင်နေကြောင်း IPC လွတ်လပ်သောသတင်းမီဒီယာကောင်စီ (မြန်မာ) ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဗွီအိုအေကိုပြောပါတယ်။
ပြည်ပအခြေစိုက် သတင်းမီဒီယာအဖွဲ့တွေက ထိပ်ပိုင်းတာဝန်ရှိသူတွေကို အရေးယူဖို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက ပြင်ဆင်နေတဲ့အပေါ် ဦးတိုးဇော်လတ်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။