ရာစုနှစ်ဝက်ကျော်ကြာ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်း အခြေချနေထိုင်သူတွေထဲ မွန်လူမျိုးတွေလည်း ပါဝင်ပါတယ်။ မွေးရပ်မြေကနေ မိုင်ထောင်ချီအရပ်မှာ ရွှေ့ပြောင်း အခြေချနေထိုင်ပေမယ့် ကိုယ့်လူမျိုးရဲ့ ယဥ်ကျေးမှု ၊ စာပေ၊ ဘာသာစကား မပျောက်ပျက်အောင် အခက်အခဲတွေကြားက ဘယ်လို ကြိုးပမ်းဆောင်ရွက်နေကြလဲဆိုတာကို သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ တင်ဆက်လိုက်ပါတယ်။ ကိုအောင်အောင်က အင်ဒီယာနာပြည်နယ် ဖော့ဝိန်းမြို့ကို သွားရောက် ရိုက်ကူးတင်ပြထားပါတယ်။