ဘက်စုံအကျပ်အတည်းနဲ့ စစ်ကောင်စီအတွင်း မတည်ငြိမ်မှု
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ဒေါ်လာဈေး၊ ရွှေဈေးတွေ အတက်ကြမ်းတယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ အလားတူပါပဲ စားသုံးကုန်၊ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် လောင်စာဆီဈေးနှုန်းနဲ့ ဆေးဝါးဈေးတွေလည်း တရိပ်ရိပ်တက်နေပါတယ်။ လျှပ်စစ်မီးပျက်တာကလည်း ပိုဆိုးလာသလို အလုပ်အကိုင်အခွင့်အလမ်းကလဲ ရှားပါးပြီး ဝင်ငွေတွေလည်း ကျဆင်းလာနေပါတယ်။ စီးပွါးရေး၊နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်မှာ ဆုတ်ယုတ်၊ ကျရှုံး... အကျပ်တည်းပေါင်းစုံနဲ့ ကြုံနေရတဲ့ စစ်ကောင်စီအတွင်းမှာ အဖြုတ်၊ အထုတ်၊ အရွှေ့အပြောင်းတွေနဲ့ မတည်မငြိမ်ဖြစ်နေတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။ ဒီလိုအချိန်မှာ တပ်တွင်းပုန်ကန်မှု၊ တပ်တွင်းအာဏာသိမ်းမှု ဖြစ်နိုင်ခြေ ရှိပါသလား။ ဒီအကြောင်းကို ဆောင်းပါးရှင် ပြည်သွေးနိုင်က ကမ္ဘာ့၊မြန်မာ မီဒီယာ မြင်းကွင်းကဏ္ဍမှာ ဆွေးနွေးတင်ပြထားပါတယ်။