"မကြုံစဖူး အပူလှိုင်းဒဏ် ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ"
ဘင်္ဂလားဒေ့ရှ်မှာ စံချိန်တင် အပူရှိန်ပြင်းထန်လွန်းလှလို့ အရေးပေါ်အခြေအနေကြေညာပြီး စာသင်ကျောင်းတွေပါ ပိတ်ထားရသလို ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာလည်း အပူလှိုင်းဒဏ် အပြင်းအထန်ခံနေရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေနဲ့ကလေးသူငယ်တွေ အပူဒဏ်ကြောင့် အပူဒဏ်သက်သာအောင်နေနေကြရသလို ဒုက္ခသည်စခန်းထဲ ကျန်းမာရေးသတိပေးချက်တွေလည်း ထုတ်ပြန်သတိပေးထားတယ်လို့ဆိုပါတယ်။ အပူလှိုင်းဒဏ်ခံနိုင်အောင် ကြိုးစားနေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက အခြေအနေ ရိုဟင်ဂျာတို့မျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။