စစ်မှုထမ်းဥပဒေ ဆိုးကျိုးဂယက်
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အလွှာအသီးသီးက ပြည်သူတွေ စိုးရိမ် ပူပန်နေကြပါတယ်။ တစ်ဦးချင်းဘဝတွေနဲ့ မိသားစုဘဝတွေသာမက လုပ်သားအင်အားကိုပါ ထိခိုက်စေတာမို့ ရေရှည်မှာ တိုင်းပြည်ရဲ့ စီးပွါးရေးကိုလည်း ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအကြောင်းကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။