စစ်ပွဲကြားက လူငယ်သတင်းထောက်
ဒီတစ်ပတ် Gen Z အစီအစဉ်ကတော့ ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ သတင်းယူနေတဲ့ လူငယ် သတင်းထောက်တယောက်အကြောင်းပါ။ ရှမ်းမြောက်မှာဖြစ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝန်းလုံးက ပြည်သူတွေကို တိကျတဲ့ သတင်းတွေ ပေးစွမ်းနိုင်ဖို့ သူဘယ်လို အသက်ကို စွန့်ပြီး သတင်းတွေကို တင်ဆက်ပေးခဲ့ပါသလဲ။ သူ့ရဲ့ သတင်းသမားဘဝဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခက်အခဲတွေကရော ဘယ်လိုတွေ ရှိနေလဲဆိုတာကို GenZ ပရိသတ်တွေအတွက် မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။