မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့သိုက်များ (အပိုင်း ၃)
တောင်ဘက်ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံမြေများ
မြန်မာနိုင်ငံတောင်ပိုင်းက အနည်ကျချိုင့်ဝှမ်းတွေမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ တူးဖေါ် ထုတ်လုပ် နေပေမယ့်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ မော်လမြိုင်၊ စစ်တောင်းတို့လို ကုန်းတွင်းပိုင်း ချိုင့်ဝှမ်း တွေနဲ့ ရခိုင်- တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်းတွေမှာလည်း အလားအလာ ရှိတဲ့အတွက် စူးစမ်းရှာဖွေမှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ရေနံဘူမိပညာရှင် ဦးလှမိုင်းပြည့်က ပြောပါတယ်။ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း ထားပါတယ်။