လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ကယားမှာ စာသင်ကျောင်းတွေ ယာယီပိတ်ထားရ
Your browser doesn’t support HTML5
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် ဒေသတွင်းက စာသင်ကျောင်း ၁၅၀ လောက် ယာယီပိတ်ထားရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ဗွီအိုအေကို ပြောပါတယ်။