ကိုးကန့် မူပန်ခရိုင်ထဲ တိုက်ပွဲဖြစ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်
Your browser doesn’t support HTML5
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ရဲ့စေ့စပ်ပေးမှုနဲ့ ဇန်နဝါရီ ၁၁ ရက်ကတည်းက အပစ်ရပ် ကြေညာထားပေမယ့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်ထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနှစ်ကြောင်းဝင်လာလို့တိုက်ပွဲဖြစ်ပြီး (MNDAA) ဘက်က (၁) ဦးကျဆုံးခဲ့တယ်လို့ မြောက်ပိုင်း ညီနောင် (၃) ဖွဲ့က ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။