အစ္စရေး အမေရိကန်နဲ့ ဂါဇာအနာဂတ်
ဆက်လက်ပြီး သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ် ထုတ်လွှင့်နေကြ အစီအစဉ်တွေကို တင်ဆက်ပါ့မယ်။ စစ်ပွဲအလွန်ကာလ ဂါဇာကမ်းမြှောင်ဒေသနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ အစ္စရေးနဲ့ အမေရိကန်ကြား သဘောထားကွဲလွဲနေပါတယ်။ အစ္စရေးလူဦးရေ ၃ ပုံ ၁ ပုံကျော်လောက်က ဂါဇာကို အစ္စရေးက ထိန်းချုပ်နိုင်မယ်လို့ ယုံကြည်ကြပြီး ၄ ပုံ ၁ ပုံကျော်ကတော့ အဲဒီဒေသမှာ ဂျူးတွေအခြေချနေထိုင်ဖို့ ပြန်တည်ဆောက်ပေးမယ်လို့ မျှော်လင့်ကြပါတယ်။ VOA သတင်းထောက် Linda Gradstein (လင်ဒါ ဂရက်စတိန်) ဂျေရုဆလင်မြို့ကနေ သတင်းပေးပို့ထားပါတာကို မမြသဇင်အောင်ပြောပြပေးပါမယ်။