တိုက်ပွဲဖြစ်တာ ၂ လကျော်ကြာခဲ့ပေမယ့် ကျိုက်မရောဒေသခံတွေ နေရပ်မပြန်နိုင်သေး

Your browser doesn’t support HTML5

တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာမှာ ထွက်ပြေး တိမ်းရှောင်ခဲ့တာ နှစ်လလောက်ရှိလာပြီဖြစ်ပေမယ့် အခုချိန်ထိ ကျေးရွာအများစုက ရွာသူရွာသားတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။