မြန်မာနယ်စပ် တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်မှုအတွက် တရုတ်အပြင်းအထန်ဝေဖန်
Your browser doesn’t support HTML5
မြန်မာနိုင်ငံမြောက်ပိုင်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံအတွင်း လက်နက်ကြီးကျည် ကျပြီး တရုတ်နိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် အကြီးအကျယ် မကျေမနပ်ဖြစ်ရတဲ့အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။