၂၀၂၃ အမေရိကန် နိုင်ငံရေး သုံးသပ်ချက်
၂၀၂၃ ခုနှစ် နှစ်ကုန် အမေရိကန် လွှတ်တော်မှာ ယူကရိန်းကို စစ်ရေးအကူအညီ ဆက်ပေးရေးကိစ္စ အခြေအတင် ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး အပြီးသတ် သဘောတူညီချက် မရခဲ့ပါဘူး။ ဂါဇာကမ်းမြှောင်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေအကြား မဟာမိတ် အစ္စရေးနိုင်ငံကို ထောက်ခံ ကူညီရေး ကိစ္စတွေကလည်း အမေရိကန် နိုင်ငံရေးအပေါ် လွှမ်းမိုးခဲ့ပါတယ်။ အစိုးရအသုံးစရိတ် အတည်ပြုရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေအပြင် အကြောင်းအရာအတော်များများ သဘောကွဲလွဲချက်တွေလည်း ရှိခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး သုံးသပ်တင်ပြထားပါတယ်။