စီးပွားကျပြီး ဒုက္ခသည်တွေတိုးလာနေ (ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း အစီအစဉ်)
အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်သလောက်ဖြစ်နေသလို ပင်လယ်ရေကြောင်းကတစ်ဆင့် ကုန်သွယ်ရေးဟာလည်း ဒေါ်လာငွေပြတ်လပ်မှု၊ သွင်းကုန်ကန့်သတ်မှုတွေကြောင့် အတော်လေး ကျဆင်းနေပါတယ်။ ဒီလိုအချိန်မှာပဲ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးမိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံမှာ အရပ်သားတွေ အိုးအိမ်စွန့်ခွါရမှု၊ စီးပွါးရေးကျဆင်းမှုစတဲ့ အခက်အခဲများစွာနဲ့အတူ အသက်မွေးဝမ်းကျောင်းတွေ မကြုံစဖူး ဆုံးရှုံးနေရတဲ့အကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။