ပထမဆုံးမြန်မာအွန်လိုင်းဘဏ်ဖွင့်၊ တပတ်အတွင်း အစုရှယ်ရာ ဒေါ်လာ ၇ သန်းနီးပါးရရှိ

Your browser doesn’t support HTML5

NUG နွေဦးဖွံ့ဖြိုးရေးဘဏ် SDB ရဲ့ အစုရှယ်ယာ စတင်ထုတ်ရောင်းတဲ့ တပတ်အတွင်း အမေရိကန်ဒေါ်လာ (၇) သန်းနီးပါး ရရှိခဲ့တာဟာ ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု ဘယ်လောက်အတိုင်းအတာကြီးမားသလဲဆိုတာ ပြသလိုက်တာဖြစ်ကြောင်း SDB အမှုဆောင်ညွန်ကြားရေးမှူး ဦးကယ်လ်ဗင်က ပြောပါတယ်။