လွတ်လပ်တဲ့မီဒီယာနှိပ်ကွပ်မှု RSF ရှုတ်ချ
Your browser doesn’t support HTML5
အာဏာသိမ်း စစ်ကောင်စီက လွတ်လပ်တဲ့ ပြည်တွင်းအခြေစိုက် မီဒီယာတခုဖြစ်တဲ့ Development Media Group (DMG)ကို ပိတ်သိမ်းခဲ့တာအပေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ရှုတ်ချလိုက်ပြီး DMG ရုံးခန်းကို စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးခဲ့တဲ့ ဝန်ထမ်းနှစ်ဦးကိုလည်း ပြန်လွှတ်ပေးဖို့ သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။