စစ်ကောင်စီထိန်းချုပ်မှာအောက် မြန်မာ့စီးပွါးရေး "ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း"
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံရေးပဋိပက္ခအကျပ်အတည်းတွေနဲ့အတူ လူထုမှာ နေ့စဉ်စားဝတ်နေရေး၊ စီးပွားကုန်သွယ်မှု၊ နေထိုင်ရပ်တည်ရေးတွေ ပိုမို ကျပ်တည်းလာကြပါတယ်။ စစ်ကောင်စီကတော့ ပို့ကုန်ရငွေကို ထိန်းချုပ်တာ၊ သွင်းကုန်တွေကို ကန့်သတ်တာ၊ ကုန်ဈေးနှုန်းတွေ သတ်မှတ်တာ လုပ်ပြီး စီးပွားရေးကိုကိုင်တွယ်ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ အမိန့်ပေးစီးပွားရေးစနစ်နဲ့သွားနေတဲ့ စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေးအခြေအနေကိုတော့ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်းမှာ စာရေးသူ ပြည်သွေးနိုင်က အလိမ္မာနဲ့အတူ တင်ဆက်ထားပါတယ်။