ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေအပေါ် တရုတ် နှိမ်နင်းနေတဲ့ အလားအလာ
မြန်မာနိုင်ငံမှာ အခြေစိုက်နေတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲနှိမ်နင်းရေး တရုတ်နိုင်ငံက အပြင်းအထန်လုပ်ဆောင်နေပေမယ့် တကယ်တန်းမှာ ထိရောက်မှုရှိသလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ အမေရိကန်အကြီးတန်းသုတေသီ Jason Tower က ဗွီအိုအေကိုပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ စက်တင်လဘာကစပြီး တရုတ် ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေကို တရုတ်က ဝင်ရောက်နှိမ်နင်းခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ USIP အမေရိကန်ငြိမ်းချမ်းရေးစင်တာ အင်စတီကျူ မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး Jason Tower ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။