အာရှအားကစားပြိုင်ပွဲ ရိုးရာလှေပြိုင်ပွဲမှာ မြန်မာ ကြေးတံဆိပ်ဆွတ်ခူး

Your browser doesn’t support HTML5

တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ အာရှအားကစားပြိုင်ပွဲဘက်က အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ ကြာသပတေးနေ့က ကျင်းပတဲ့ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲမှာ တတိယ ရခဲ့တာဖြစ်ပြီး၊ နောက်ထပ်လည်း ဆုတံဆိပ်တွေရဖို့ မှန်းထားတယ်လို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အာရှအားကစားပြိုင်ပွဲဘက်က အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။