ထိုင်းရောက် ကရင်နီဒုက္ခသည် ၈၀၀ ကျော် မြန်မာနိုင်ငံဘက် ပြန်ရောက်
Your browser doesn’t support HTML5
ဒီလို ထိုင်းနိုင်ငံဘက်မှာ ဆက်လက် ခိုလှုံခွင့်မရတော့လို့ ပြန်လာကြရတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း ကိုယ့်အိမ်ကိုယ့်ယာ ပြန်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ သူတို့ဒေသတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် နယ်စပ်တလျှောက် ယာယီ ဒုက္ခသည်စခန်းတွေမှာပဲ ရှိနေကြတာပါ။