"မြန်မာနိုင်ငံမှာ သန်းနဲ့ချီပြီး စာနာမှု အကူအညီလိုအပ်နေ" - ကုလစာနာမှုရုံး အကြီးအကဲ

Your browser doesn’t support HTML5

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ တိုးချဲ့ လုပ်ဆောင်ခွင့်ပေးရေးနဲ့ မြန်မာနိုင်ငံတဝှန်း အကူအညီ လိုအပ်နေသူ ၁၈ သန်းလောက်အတွက် ထောက်ပံ့မှုတွေ တိုးမြှင့်ပေးကြဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အကြီးအကဲ Martin Griffiths တောင်းဆိုလိုက်ပါတယ်။